News

POST TYPE

LOCAL

သာပေါင်းတွင် တောဆင်ရိုင်းတစ်ကောင် အသတ်ခံရ
05-Oct-2018


ပုသိမ်၊ အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်တွင်းရှိ သစ်တောကြိုးဝိုင်းအတွင်း၌ သတ်ဖြတ်ခံရသည့် တောဆင်ရိုင်းတစ်ကောင်ကို အောက်တိုဘာလ ၄ ရက်နေ့ နံက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံ ဆင်ချစ်သူများအဖွဲ့မှ သိရသည်။

ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ ပါဝင်သော တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်ရေးအဖွဲ့က ကင်းလှည့် ဆာင်ရွက်စဉ် ယင်းမြို့နယ် ကြိမ်တလီကြိုးဝိုင်းအကွက် အမှတ် ၂၂၅ FD ၉၁၄၀၉၅ မီးလောင်ချောင်းအနီးတွင် တွေ့ရှိခြင်းဖြစ်ကြောင်း သာပေါင်းမြို့အခြေစိုက် လှပသောမြေပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးမြင့်နောင်က ပြောသည်။

“ဆင်ရဲ့အရွယ်အစား ဆင်အမျိုးအစား အဲဒါတွေပေါ့ အသေးစိတ် အချက်အလက်တွေတော့ မသိဘူး ပုတ်ပွနေတယ် အနံ့ဆိုးလွန်းတယ် ဒီနေ့ (အောက်တိုဘာ ၄) ပဲ မီးရှို့ဖျက်ဆီးလိုက်ကြတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သော မေလ ၁၄ ရက်နေ့က သာပေါင်းမြို့နယ် ဘောမိသစ်တော ကြိုးဝိုင်းပြင်ပရှိ ဆင်သေချောင်းတွင် စွယ်စုံတောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံရပြီး ယခုအကြိမ်သည် ဒုတိယမြောက်ဖြစ်ကြောင်း သာပေါင်းမြို့နယ် သစ်တောဦးစီးဌာန မှတ်တမ်းအရသိရသည်။

R-12


  • VIA