POST TYPE
LOCAL
အာဆီယံဆိုက်ဘာလုံခြုံရေးစင်တာ ဘန်ကောက်တွင်ဖွင့်၊ နည်းပညာရှင်များစွာ မွေးထုတ်ပေးနိုင်မည်ဟု မျှော်လင့်
17-Sep-2018

ဘန်ကောက်၊ စက်တင်ဘာ ၁၆
အရှေ့တောင်အာရှဒေသ (အာဆီယံ) နိုင်ငံများဆိုင်ရာ ဆိုက်ဘာလုံခြုံရေးစင်တာကို ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်တွင် သောကြာနေ့က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ ပညာရှင်များကို မွေးထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း Bangkok Post သတင်းစာ၏ ရေးသားဖော်ပြချက်အရသိရသည်။
ထိုသို့ ဆိုက်ဘာကျွမ်းကျင်သူများ ထွက်ပေါ်လာအောင် လေ့ကျင့်သင်ကြားပေးနိုင်မည့် ဆိုက်ဘာလုံခြုံရေးစင်တာ တစ်ရပ်ထူထောင်မည့်ကိစ္စကိုယမန်နှစ် ကကမ္ဘောဒီးယားနိုင်ငံတွင် အာဆီယံ-ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ၌ အစပျိုးစဉ်းစားခဲ့ခြင်းဖြစ်သည်။
Asean-Japan Cybersecurity Capacity Building Center ဟု အမည်ရသည့် အဆိုပါဆိုက်ဘာလုံခြုံရေးစင်တာတွင် ဂျပန်နိုင်ငံက ဒီဇိုင်းရေးဆွဲသင်ကြားပို့ချမည့် အစီအစဉ်များကို အာဆီယံနိုင်ငံများမှ ဆိုက်ဘာလုံခြုံရေး ပညာရှင် ၇၀၀ ခန့် တက်ရောက်ပညာသင်ယူနိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။
၎င်းတို့အနေနှင့် ဆိုက်ဘာလုံခြုံရေး ပညာရပ်အပြင် ဒစ်ဂျစ်တယ်မှုခင်းပညာနှင့် Malware Analysis ပညာရပ်တို့ကိုလည်း လေ့လာသင်ယူနိုင်မည်ဖြစ်သည်။
“အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းအနေနဲ့ ပိုမိုရှုပ်ထွေးတဲ့ ဆိုက်ဘာခြိမ်းခြောက်မှုအန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရပါတယ်။ ဆိုက်ဘာလုံခြုံရေးပညာရှင်တွေလည်း လုံလုံလောက် လောက်မရှိပါဘူး”ဟု ထိုင်းအီလက်ထရွန်နစ် ငွေကြေးပေးချေမှု ဖွံ့ဖြိုးရေးအေဂျင်စီ၏ ဒါရိုက်တာဆူရန်ဂါနာဝါယူပတ်က ပြောကြားသည်။
စင်ကာပူနိုင်ငံသည်ပြီးခဲ့သည့် ဇူလိုင်လက လွန်စွာဆိုးဝါးသည့် ဆိုက်ဘာတိုက်ခိုက်မှုကြီးတစ်ရပ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ဟက်ကာများကစင်ကာပူ အစိုးရ၏ ကျန်းမာရေးသတင်းအချက်အလက်များကို ထိုးဖောက်ဝင်ရောက်ပြီး ဝန်ကြီးချုပ် လီရှန်လွန်းအပါအဝင် လူပေါင်း ၁ ဒသမ ၅ သန်း၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူသွားခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင်လည်း ယခုနှစ်အစောပိုင်းက ဗဟိုဘဏ်ကိုဆိုက်ဘာ တိုက်ခိုက်မှုပြုရန် ကြိုးပမ်းမှုတစ်ရပ်ပေါ်ပေါက်ခဲ့သည်။ သို့သော် အာဏာပိုင်များက အချိန်မီ ကာကွယ်နိုင်ခဲ့သည်။
ထိုင်းနိုင်ငံသည် လက်ရှိအနေအထားတွင် ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်ကာကွယ်ရေးဥပဒေကြမ်း တစ်ရပ်ကိုရေးဆွဲလျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် ဥပဒေအဖြစ်တရားဝင်ပြဋ္ဌာန်းနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
F-01
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021