News

POST TYPE

LOCAL

အသုံးပြုသူတွေအတွက် အရမ်းအရမ်းကို အဆင်ပြေတဲ့ အူရီဒူးရဲ့ စိတ်တိုင်းကျ အစီအစဉ်ကို ဘယ်လိုရယူမလဲ
07-Aug-2018

မိုဘိုင်းလ် အော်ပရေတာတွေရဲ့တခြား Package တွေနဲ့မတူဘဲ သုံးစွဲသူက အင်တာနက်သုံးဖို့ ဒေတာပမာဏ၊ ဖုန်းပြောဖို့မိနစ်တွေကို ကိုယ်လိုအပ်သလောက် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်တဲ့ ထူးခြားတဲ့ “စိတ်တိုင်းကျ”ဆိုတဲ့အစီအစဉ်ကို အူရီဒူးက ဇူလိုင်လကုန်ပိုင်းမှာ မိတ်ဆက်ပေးခဲ့ပါတယ်။

စိတ်တိုင်းကျအစီအစဉ်ဟာ သုံးစွဲသူတွေအတွက် ကုန်ကျစရိတ်လည်း သက်သာသလို ကိုယ်ဝယ်ယူလိုက်တဲ့ ဒေတာနဲ့မိနစ်တွေအတွက် ဈေးနှုန်း ဘယ်လောက်ကျသင့်တယ်၊ သက်တမ်းဘယ်လောက်ရှိတယ်ဆိုတာတွေကို တစ်ခါတည်း စစ်ဆေးနိုင်တာကြောင့် အရမ်း၊အရမ်းကို အဆင်ပြေတဲ့ Package တစ်ခုဖြစ်လာခဲ့ပါတယ်။

ဒါဆိုရင် “စိတ်တိုင်းကျ”အစီအစဉ်ကို ဘယ်လိုဝယ်ယူရမလဲဆိုတာကို မသိသေးသူတွေအတွက် ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် အဆင့်လိုက် ဖော်ပြပေးသွားပါမယ်။

အဆင့်(၁)

အူရီဒူး ရဲ့ My Ooredoo App ကို *565# ကိုခေါ်ဆိုပြီး အခမဲ့ ဒေါင်းလုတ်ရယူပါ။ တကယ်လို့ ဖုန်းထဲမှာ My Ooredoo App ရှိပြီးသား ... ဒါပေမဲ့ “စိတ်တိုင်းကျ”အစီအစဉ်ကို ရှာမတွေ့သေးဘူးဆိုရင်တော့ Android ဖုန်းသမားတွေက Google Play Store နဲ့ Apple ဖုန်းသမားတွေက App Store တို့ကနေ My Ooredoo App ကို Update လုပ်ပါ။

အဆင့် (၂)

My Ooredoo App ထဲက Buy Packs (Packages များဝယ်ရန်) ထဲကိုဝင်ပါ။ Buy Packs ရဲ့အောက်မှာ Internet (အင်တာနက်)၊ Sate Tine Kya (စိတ်တိုင်းကျ)၊ Voice (ဖုန်းခေါ်ဆိုမှု) စတာတွေထဲက Sate Tine Kya (စိတ်တိုင်းကျ) ထဲကိုဝင်ပါ။

အဆင့် (၃)

Sate Tine Kya ထဲမှာ Ooredoo to Ooredoo Call (အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုရန်) ၊ Ooredoo to Any Number (ပြည်တွင်းဖုန်းခေါ်ဆိုရန်)နဲ့ Data (အင်တာနက်) ဆိုတဲ့ ၃ မျိုးကို တွေ့ရမှာပါ။ အဲဒီ ၃ မျိုးမှာ Ooredoo to Ooredoo Call (အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုရန်) နဲ့ Ooredoo to Any Number (ပြည်တွင်းဖုန်းခေါ်ဆိုရန်) တို့အတွက် ၅ မိနစ်၊ ၁၀ မိနစ် ကနေစလို့ မိနစ် ၅၀၊ ၁၀၀၊ ၂၀၀ ၊ ၄၀၀ စသည်ဖြင့် ကိုယ်လိုအပ်သလောက် မိနစ်တွေကိုရွေးချယ်ပါ။ အင်တာနက်ဒေတာအတွက်လည်း 50 MB ကနေစလို့ 60 GB အထိ ကိုယ်လိုအပ်သလောက် ရွေးချယ်ပါ။ Ooredoo to Ooredoo Call (အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုရန်) နဲ့ Ooredoo to Any Number (ပြည်တွင်းဖုန်းခေါ်ဆိုရန်) နဲ့ အင်တာနက်ဒေတာ ၃ မျိုးလုံး မဖြစ်မနေ ဝယ်ယူရမယ်လို့ မသတ်မှတ်ထားတာကြောင့် ကိုယ်မလိုအပ်တဲ့အရာအတွက် 0 မှာ ထားလိုက်လို့ရပါတယ်။ ဥပမာ Ooredoo to Any Number (ပြည်တွင်း ဖုန်းခေါ်ဆိုရန်) မလိုအပ်လို့ မဝယ်ချင်ဘူးဆိုရင် 0 မှာ ထားလိုက်ရုံပါပဲ။ တကယ့်ကိုအဆင်ပြေပါတယ်။ ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီးပြီဆိုရင် ကျသင့်တဲ့ဈေးနှုန်းနဲ့ အသုံးပြုနိုင်မယ့် သက်တမ်းက အောက်မှာ တစ်ခါတည်းပေါ်နေမှာ။ စိတ်တိုင်းကျ ဖြစ်ပြီဆိုရင်တော့ Buy(ဝယ်ရန်) ဆိုတာကိုနှိပ်လိုက်ရုံပါပဲ။ 

အရမ်းကိုအဆင်ပြေလွယ်ကူပါတယ်။ ကဲ ... အားလုံးပဲ အူရီဒူးရဲ့ “စိတ်တိုင်းကျ”အစီအစဉ်နဲ့ စိတ်တိုင်းကျ ဖုန်းတွေပြောပြီး အင်တာနက်ဒေတာတွေ အသုံးပြုနိုင်ကြပါစေ။