News

POST TYPE

LOCAL

အသုံးတွင်ကျယ်လာနေတဲ့ M-ပိုက်ဆံကိုသုံးကြည့်ချင်ပေမယ့် ဘယ်လိုလုပ်ရမလဲမသိ ဖြစ်နေသူတွေအတွက်
24-May-2018

အခုတလော လူမှုကွန်ယက်မှာ၊ တီဗွီမှာနဲ့ သတင်းစာ၊ဂျာနယ်တွေမှာ M-ပိုက်ဆံဆိုတာကို မကြာခဏ တွေ့နေရပြီး သုံးတဲ့သူတွေလည်း များသထက် များလာနေပါတယ်။ ဒါပေမဲ့ M-ပိုက်ဆံဆိုတာ ဘာလဲ၊ ဘယ်လိုသုံးရမှာလဲ မသိသေးတဲ့သူတွေလည်း ရှိနေတုန်းပါပဲ။ ဒါကြောင့် M-ပိုက်ဆံအကြောင်းနဲ့ M-ပိုက်ဆံကိုသုံးချင်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ M-ပိုက်ဆံအကြောင်းနဲ့ သူ့ရဲ့အသုံးဝင်ပုံကို ပြောပြပါမယ်။ M-ပိုက်ဆံဆိုတာက မြန်မာနိုင်ငံရဲ့ အကျယ်ပြန့်ဆုံးနဲ့ လိုင်းဆွဲအားအတည်ငြိမ်ဆုံး 4G Plus ကွန်ရက်ကို ပိုင်ဆိုင်ထားတဲ့ ဆက်သွယ်ရေး အော်ပရေတာ အူရီဒူးရဲ့ Mobile Money ဝန်ဆောင်မှုပါ။

M-ပိုက်ဆံကိုသုံးပြီး အချိန်မရွေး၊ နေရာမရွေး ငွေလွှဲလို့ရပါတယ်။ ဒါ့အပြင် M-ပိုက်ဆံနဲ့ငွေလွှဲပြီး ၅၀၀၀ ကျပ်ထိ ကံထူးနိုင်မယ့် အခွင့်အရေးရှိသလို M-ပိုက်ဆံနဲ့ ဖုန်းဘေလ်ဖြည့်ပြီး အင်တာနက်သုံးဖို့၊ အူရီဒူး အချင်းချင်း ဖုန်းခေါ်တာနဲ့ SMS ပို့ဖို့တွေအတွက် ၅၀ ရာခိုင်နှုန်းအထိ အပိုလက်ဆောင်ရရှိနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါတယ်။

ကဲ ... ဒီလို M-ပိုက်ဆံရဲ့ အသုံးဝင်ပုံတွေကို သိသွားပြီဆိုတော့ M-ပိုက်ဆံကို စသုံးမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။

M ပိုက်ဆံကိုသုံးဖို့အတွက် အရင်ဆုံး ကိုယ့်ဖုန်းထဲကို M-ပိုက်ဆံ App သွင်းရပါမယ်။ နောက်ပြီး *999# ကိုခေါ်ဆိုပြီးလည်း ရယူနိုင်ပါတယ်။

App ကိုဖုန်းထဲမှာ Install လုပ်ပြီးပြီဆိုရင် သူဖြည့်ခိုင်းတဲ့အဆင့်တွေအတိုင်းဖြည့်ပြီး Register လုပ်ရုံပါပဲ။ Register လုပ် ဖို့အတွက် ကိုယ့်ရဲ့ဖုန်းက အူရီဒူးဖုန်းဖြစ်ဖို့တော့လိုပါတယ်။ Register လုပ်ဖို့အတွက် အခကြေးငွေတစ်ပြား၊တစ်ချပ်မှာ ကုန်ကျစရာမလိုပါဘူး။

ဒါဆိုရင် M-ပိုက်ဆံကိုစတင်သုံးစွဲလို့ရပါပြီ။ M-ပိုက်ဆံအကောင့်ထဲကို ပိုက်ဆံသွင်းဖို့အတွက်ပဲဖြစ်ဖြစ်၊ M-ပိုက်ဆံ အကောင့်ထဲက ပိုက်ဆံကို ထုတ်ဖို့အတွက်ပဲဖြစ်ဖြစ် M-ပိုက်ဆံ App ထဲက ကိုယ်စားလှယ်ရှာဖွေရန် ဆိုတာကို နှိပ်ပြီး ကိုယ်နဲ့ အနီးဆုံးမှာရှိတဲ့ M-ပိုက်ဆံ ကိုယ်စားလှယ်ဆီကို သွားလိုက်ရုံပါပဲ။ M-ပိုက်ဆံကိုယ်စားလှယ်တွေက မြန်မာတစ်နိုင်ငံလုံးမှာ ရှိတာကြောင့် အဆင်ပြေလွယ်ကူပါတယ်။

M-ပိုက်ဆံနဲ့ ငွေလွှဲချင်တယ်ဆိုရင် ငွေပို့မည်၊ ငွေထုတ်ချင်တယ်ဆိုရင် ငွေထုတ်မည်ကို နှိပ်ရုံပဲဆိုတော့ အသုံးပြုရတာ တကယ့်ကို လွယ်ကူရိုးရှင်းပါတယ်။

ကဲ ... ခေတ်မနောက်ကျရအောင် လူတွေကြားမှာ အသုံးတွင်ကျယ်လာနေတဲ့ M-ပိုက်ဆံကို အခုပဲစပြီး သုံးကြည့်လိုက်တော့နော်။