News

POST TYPE

LOCAL

ခါကာဘိုရာဇီဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် အဆိုပြုလွှာတင်သွင်းမှု ရွှေ့ဆိုင်း
23-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၂၃

ဒေသခံများ၏ ကန့်ကွက်မှုကြောင့် မြန်မာနိုင်ငံမြောက်ဖျား ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် အဆိုပြုလွှာ ယူနက်စကိုထံ တင်သွင်းခြင်းကို ရွှေ့ဆိုင်းလိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ 

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် စာရင်းဝင်ရန် အဆိုပြုလွှာကို ယခင်က လာမည့်ဖေဖော်ဝါရီလအတွင်း တင်သွင်းရန် စီစဉ်ထားသော်လည်း ဒေသခံများနှင့် သဘောတူညီမှု မရရှိသေးသည့်အတွက် ၎င်းတို့၏ သဘောတူညီမှုရရှိသည့်အထိ ယင်းအဆိုပြုလွှာတင်သွင်းမှုကို ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

အဆိုပါဒေသသည် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရပါက မိရိုးဖလာ မြေယာပိုင်ဆိုင်မှုများနှင့် ရိုးရာဓလေ့ သယံဇာတသုံးစွဲမှုများအပေါ် ထိခိုက်လာနိုင်သည်ဟုဆိုကာ ဒေသခံများက ကန့်ကွက်နေခြင်းဖြစ်သည်။ 

E-03