News

POST TYPE

LOCAL

သတ္တမအကြိမ် မဟန ၄၇ ပါးစုံညီ အစည်းအဝေး ကျင်းပမည်
22-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၂၁

သတ္တမအကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) ၄၇ ပါး စုံညီ အစည်းအဝေးကို ၂၀၁၈ ဖေဖော် ါရီလအတွင်း၌ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ကျင်းပရန် စီစဉ်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ သတ္တမအကြိမ်မြောက် မဟနစုံညီ စည်းအဝေးကို ၂၀၁၈ ဖေဖော်ဝါရီ (၁၆ ရက်မှ ၁၉ ရက်) အထိ လေးရက်ကြာ ကျင်းပရန် စီစဉ်ထားပြီးဖြစ်ကြောင်း ယင်းဝန်ကြီးဌာန တာဝန်ရှိသူများကဆိုသည်။

ယင်းအစည်းအဝေးနှင့် တစ်ဆက်တည်း နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးများကို ၂၀၁၈ ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ထိုအစည်းအဝေးများနှင့်ပတ်သက်၍ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများကို ပင့်စာများဖြင့် လျှောက်ထားပြီးဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူများက The Voice သို့ ပြောသည်။

J-07


  • VIA