News

POST TYPE

LOCAL

JICA နည်းပညာရှင်များ စက်ဖြင့် လိုင်စင်သက်တမ်းတိုး စစ်ဆေးခြင်း သင်တန်းပေး
19-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းရှိ မော်တော်ယာဉ် မှတ်ပုံတင် သက်တမ်းတိုးခြင်းလုပ်ငန်းကို ဂျပန်နိုင်ငံထုတ် ယာဉ်စစ်ဆေးရေးစက် Test Lane ဖြင့် စစ်ဆေးခြင်းနှင့် ပတ်သက်၍ JICA နည်းပညာရှင်များက  ဒီဇင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ သင်တန်းပေးကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) ထံမှ သိရသည်။

“ဂျပန်ပညာရှင်တွေက စက်နဲ့ပတ်သက်ပြီး Survey တစ်ခါတည်း ဆင်းတာပေါ့။ ဘယ်လို စစ်ဆေးရမယ်ဆိုတာကို တစ်ခါတည်း နည်းပညာပေးခဲ့တယ်။ နောက်တစ်ပတ်မှာ ပြန်လေ့လာဦးမှာ”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ယာဉ်စစ်ဆေးရေးဌာန) အင်ဂျင်နီယာမှူးကြီး ဦးမျိုးနိုင်က ဆိုသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ဂျပန်နိုင်ငံထုတ် ယာဉ်စစ်ဆေးရေး Test Lane စက်နှစ်လုံးဖြင့် မော်တော်ယာဉ် သက်တမ်းတိုးယာဉ်များကို စတင်စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ဂျပန်စက်အပါအဝင် ဂျာမနီနိုင်ငံထုတ် ယာဉ်စစ်ဆေးရေးစက်ဖြင့် သက်တမ်းတိုးယာဉ် စစ်ဆေးရန် ဒီဇင်ဘာလ ၂၇ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် (Online Bookpng System)ကြိုတင်ရက်ချိန်း ရယူနိုင်ပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) ထံမှ သိရသည်။

လက်ရှိတွင် ဒီဇင်ဘာလ ၁ ရက်နေ့ မှစ၍ ဂျာမနီနိုင်ငံထုတ် ယာဉ်စစ်ဆေးရေး Test Lane စက်ဖြင့် တစ်ရက် ယာဉ်စီးရေ ၃၀ ကျော်ကို စစ်ဆေးလျက် ရှိသည်။

ဂျပန်နိုင်ငံထုတ် ယာဉ်စစ်ဆေးရေး Test Lane မှာ JICA မှ လှူဒါန်းခြင်းဖြစ်ပြီး ဂျာမနီနိုင်ငံထုတ် Multi StageTest Lane စက်သည် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူအသုံးပြု ခြင်းဖြစ်ကြောင်း ကညန (မြင်သာ) ထံမှ သိရသည်။

J-06

  • VIA