News

POST TYPE

LOCAL

ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအရေးဖိုရမ် ဒဂုံတက္ကသိုလ်တွင် ပထမဆုံး ကျင်းပမည်
19-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း အလုပ်သမားများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးဖိုရမ်ကို ဒဂုံတက္ကသိုလ်တွင် ယနေ့(ဒီဇင်ဘာလ ၁၉) ကျင်းပမည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ဦးမိုးဟိန်းက ပြောကြားသည်။

ယင်းနေ့ နံနက် ၁၀ နာရီတွင် ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ် မည့် အဆိုပါဖိုရမ်တွင် ထိုင်းရောက် မြန်မာ လုပ်သားများ၏ မျိုးဆက်များနှင့်ပတ်သက်သော ပညာရေး အခြေအနေကို လေ့လာခဲ့သည့် ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၂၃ ဦးက ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဆွေးနွေးပွဲတွင် ထိုင်းသင်ရိုးညွှန်းတမ်းနှင့် မြန်မာသင်ရိုးညွှန်းတမ်း ကွာခြားပုံ၊ သင်ကြားရေးစနစ်များ၊ အချို့သော ကျောင်းများတွင် ကန့်သတ်သင်ကြားရခြင်းများကို ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အဆိုပါဖိုရမ်တွင် ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများသည် ထိုင်းနိုင်ငံ မဲဆောက်နယ်စပ်တစ်လျှောက်ရှိ စာသင်ကျောင်းများ၊ ရောင်ခြည်ဦး အလုပ်သမား အဖွဲ့အစည်း၊ အမှိုက်ပုံများကို သုံးရက်တာ လေ့လာခဲ့ခြင်းဖြစ်သည်။ 

ယင်းနေ့ဆွေးနွေးပွဲတွင် ပြင်ပမှ ပညာရှင်များ၊ တတ်သိပုဂ္ဂိုလ်များ၊ ဆရာ ဆရာမများလည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။

J-18

  • VIA