News

POST TYPE

LOCAL

မဘသအဖွဲ့ဝင်ဟောင်းများ ပါဝင်သောပါတီ တည်ထောင်ခွင့် ငြင်းပယ်ခံရ
05-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၅

မဘသ ဦးဆောင် ကော်မတီဝင်များ ဖွဲ့စည်းထားသော မျိုးချစ်ညီညွှတ်ရေးပါတီ တည်ထောင်ခွင့် လျှောက်ထားမှုကို ငြင်းပယ်ခြင်းအပေါ် ကျေနပ်မှု မရှိခြင်းကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ခိုင်လုံသော အကြောင်းပြချက် ပြန်လည် တောင်းခံသွားမည်ဖြစ်ကြောင်း ယင်းပါတီ တည်ထောင်ခွင့် ဦးဆောင်သူ ဦးမြင့်စိုး (မောင်သွေးချွန်) က The Voice သတင်းစာသို့ ပြောသည်။

မျိုးချစ်ညီညွတ်ရေးပါတီ တည်ထောင်ခွင့် လျှောက်ထားရာ၌ ပါဝင်သော ဦးဆောင် ကော်မတီ အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ညီညွတ်ခြင်း မရှိခြင်းကြောင့် ယင်းပါတီ တည်ထောင်ခွင့်ကို ငြင်းပယ်လိုက်ကြောင်း အကြောင်းကြားစာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီဦးဆောင်သူများထံ နိုဝင်ဘာ ၂၄ ရက်နေ့၌ စာရေးသား ပေးပို့ခဲ့သည်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အကြောင်းကြားစာကို နိုဝင်ဘာ ၂၇ ရက်နေ့က လက်ခံရရှိတယ်။ ပါတီတည်ထောင်သူတွေက နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ ညှိတယ်ဆိုရယ် ဘယ်သူတွေ ညှိနေတာလည်းဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ကို ပြန်တောင်းမယ်။ ညှိတဲ့သူတွေကို ပြန်လည် ဖယ်ရှားပြီး ကျန်တဲ့သူတွေကို အစားထိုးပြီး ယခုအမြဲနဲ့ပဲ ထပ်မံ လျှောက်ထားမယ်”ဟု ဦးမြင့်စိုး (မောင်သွေးချွန်)က ပြောသည်။

အလားတူ ယင်းပါတီ မှတ်ပုံတင်ခွင့် ငြင်းပယ်လိုက်ခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်းသာဖြစ်ပြီး အကြောင်းကြားစာကို အဆိုပါ ပါတီထံ ပေးပို့ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက The Voice သတင်းစာသို့ အတည်ပြု ပြောဆိုသည်။

မျိုးချစ်ညီညွှတ်ရေးပါတီ တည်ထောင်သော မောင်သွေးချွန်သည် ယခင်၌ မဘသတွင် ဦးဆောင်ကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။

J-07


  • VIA