News

POST TYPE

LOCAL

ခရမ်း၊ သုံးခွယာဉ်လိုင်းများတွင် နိုဝင်ဘာ ၁၇ ရက်မှစ၍ ယာဉ်အကူ မပါဘဲ ပြေးဆွဲမည်
14-Nov-2017
ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရန်ကုန်မြို့တွင်းနှင့် ခရမ်း၊ သုံးခွသို့ ပြေးဆွဲနေသည့် YBS မီနီဘတ်စ် ၃၂၊ ၃၃၊ ၃၄၊ ၇၀ ယာဉ်လိုင်းများသည် ငွေပုံးစနစ် တပ်ဆင်ပြီးဖြစ်၍ နိုဝင်ဘာလ ၁၇ ရက်မှစပြီး ယာဉ်အကူမပါဘဲ ပြေးဆွဲမည်ဖြစ်ကြောင်း ရွှေတောင်ပိုင်း သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီထံမှ သိရသည်။

“အရင်က မီနီဘတ်စ်ယာဉ်လိုင်းဖြစ်လို့ ငွေထည့်တာကို မမြင်ရလို့ ယာဉ်အကူနဲ့ ပြေးခဲ့တာပါ။ အခုတော့ လုံးဝ ယာဉ်အကူ မသုံးတော့ဘူး”ဟု ရွှေတောင်ပိုင်း သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ တာဝန်ရှိတစ်ဦးက ဆိုသည်။

အဆိုပါကုမ္ပဏီသည် YBS ယာဉ် လိုင်း ၁၀ လိုင်းကို တာဝန်ယူ ပြေးဆွဲနေရာ နိုဝင်ဘာလ ၈ ရက်က ခေတ်သစ်ငြိမ်းချမ်းရေး အများပိုင်ကုမ္ပဏီထံမှ လွှဲပြောင်းတာဝန်ယူရသည့် YBS ၃၄ ယာဉ်လိုင်း အပါအဝင် လက်ရှိ ယာဉ်လိုင်း ၁၁ လိုင်းကို တာဝန်ယူ ပြေးဆွဲလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

YBS ၃၃၊ ၃၂၊ ၃၄၊ ၇၀ ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၁၂၀ စီးကျော်ဖြင့် ရေကြောင်းတက္ကသိုလ်မှ ခရေပင်ရိပ်မွန်အိမ်ရာ၊ ကျောက်တန်း (သန်လျင်)မှ ယုဇနပလာဇာ၊ ခရမ်း(သုံးခွ) အရှေ့ပိုင်းတက္ကသိုလ်မှ မဟာဗန္ဓုလလမ်း၊ သန်လျင် (နည်းပညာ တက္ကသိုလ်)မှဗိုလ်တထောင်ဘုရားလမ်းတို့ကို ပြေးဆွဲလျက်ရှိသည်။

YBS စနစ်ဖြင့် စတင်ပြေးဆွဲခဲ့စဉ် အချိန်က YBS ၅၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁ ယာဉ်လိုင်းတို့တွင် အငှားတက္ကစီယာဉ် ၅၇၅ စီးကျော်ဖြင့် လှိုင်သာယာ၊ တွံတေး ကြိုးတံတား၊ ကံဘဲ့၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ပဲခူး၊ သနပ်ပင်၊ ခရမ်းတို့ကို ပြေးဆွဲနေခြင်းဖြစ်သည်။

J-06


  • VIA