News

POST TYPE

LOCAL

ကရင်ပြည်နယ်အတွင်း ဘုန်းကြီးကျောင်းများတွင် မဘသ ဆိုင်းဘုတ် စိုက်ထူမည်
30-Jul-2017

ဘားအံ၊ ဇူလိုင် ၃၀

ကရင်ပြည်နယ်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းကြီးကျောင်းများ၊ ယဉ်ကျေးလိမ္မာကျောင်းများ၊ ဘကကျောင်းများတွင် မဘသဆိုင်းဘုတ် ထပ်မံ စိုက်ထူမည်ဖြစ်ကြောင်း ဇွဲကပင်တောင် ဆရာတော်က မိန့်ကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဇူလိုင် ၂၈ ရက်က ကရင်ပြည်နယ် ဇွဲကပင်တောင်ခြေ လုဗ္ဗိနီဥယျာဉ် ဆွမ်းစာဆောင်တွင် ဆရာတော်များ၊ လူပုဂ္ဂိုလ်များ ဆွေးနွေးရာတွင် ယင်းသို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

“ဦးပဉ္ဇင်းအနေနဲ့ မအိုသေး၊ မနာသေး၊ မသေသေးသရွေ့ မဘသအဖွဲ့ကြီး မပြိုကွဲ၊ မပျက်စီးအောင် အသက်နဲ့လဲပြီး ကာကွယ်သွားမယ်”ဟု ဇွဲကပင်တောင်ဆရာတော် ဦးကဝိဓဇက မိန့်ကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ် သာသနာရေးနှင့် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက “မဘသနဲ့ မဟန အချင်းချင်း ပြေလည်တယ်ဆိုရင် ဦးတို့အနေနဲ့ ဘာမှတော့ လုပ်စရာ မလိုပါဘူး။ ကြားထဲကနေလည်း ဖိအားပေးသွားမှာ မဟုတ်ဘူး။ ဆိုင်းဘုတ် ဖြုတ်ချတာ၊ မချဘူးဆိုတာက သူတို့အလုပ်ပါ”ဟု ပြောကြားသည်။

ယခုအချိန်သည် လက်နက်ကိုင်များနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေသော ကာလဖြစ်သောကြာင့် မဘသနှင့် မဟန၏ မပြေလည်မှုများကို အေးချမ်းစွာ ဖြေရှင်းကြစေလိုကြောင်း မဘသ ဦးဆောင်ဆရာတော်များက မိန့်ဆိုသည်။

R-17


  • VIA