News

POST SECTION

LATEST NEWS POST

29-Jun-2020
ရွှေဘိုမြို့မှ အလောင်းမင်းတရားတည်ထားခဲ့သည့်ဘုရားများကို ပြန်လည်ပြုပြင်ထိန်းသိမ်းမည်ဖြစ်ကြောင်း မြန်မာ တော်ဝင်အနွယ်တော်များအစည်းအရုံး (MRDA) ထံမှသိရသည်။
29-Jun-2020
ပြည်ပကုန်သွယ်မှုလုပ်ငန်းများတွင် တရုတ်နိုင်ငံသို့ ယခင်က နယ်စပ်မှတင်ပို့မှု ၇၀ ရာခိုင်နှုန်းရှိရာမှ လက်ရှိတွင် ၃၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။
29-Jun-2020
အမေရိကန်နှင့် NATO တပ်ဖွဲ့ဝင်များကို အာဖဂန်နစ္စတန်တွင် လုပ်ကြံသုတ်သင်ရန်အတွက် တာလီဘန် ချိတ်ဆက်စစ်သွေးြွကများကို ငွေကြေး ထောက်ပံ့သည်ဟူသော စွပ်စွဲချက်များမှာ အခြေအမြစ်မရှိသော စွပ်စွဲချက်များ ဖြစ်ကြောင်း ရုရှားကတုံ့ပြန်ခဲ့သည်။
29-Jun-2020
ကမ္ဘာတစ်ဝန်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ စုစုပေါင်းမှာ တနင်္ဂနွေနေ့ (ဇွန်လ ၂၈) က ၁၀ သန်းကျော်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း Reuters သတင်းဌာနက ပြုစုထားသော စာရင်းဇယားများအရသိရသည်။
29-Jun-2020
အမေရိကန်ပြည်ထောင်စု တစ်လွှားကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ၂ သန်းခွဲကျော်သွားချိန်တွင် ဖလော်ရီဒါနှင့်တက္ကဆက်တို့တွင် စံချိန်တင်ကူးနေသောကြောင့် စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်နေခြင်းကို နောက်ပြန်ဆုတ်ရလျက်ရှိသည်။
29-Jun-2020
မကွေးတိုင်း ချောက်မြို့နယ်အတွင်းရှိ ကြိုးပြင်ကာကွယ်တောများမှ ဒေသခံပြည်သူအစုအဖွဲ့ ၁၇ ဖွဲ့ကို အစုအဖွဲ့ပိုင်သစ်တော ၆၇၂၆ ဒသမ ၆၆ ဧက လုပ်ကိုင်ခွင့်ချထားပေးပြီးဖြစ်ကြောင်း ယင်းမြို့နယ်သစ်တောဦးစီးမှူး ဦးဟန်မင်းထွန်း ကပြောကြားသည်။
29-Jun-2020
ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များကို ဇူလိုင်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
29-Jun-2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေမြို့၊ အမှတ် ၃ ရပ်ကွက်၊ ကျောက်မောင်နှမနှင့် ကျောက်ထရံအကြား ကမ်းခြေ သောင်ပြင်တွင် Dolphin (ဒေသအခေါ် လင်းရှူး) ငါးတစ်ကောင်ကို ဒေသခံများက အရှင်တွေ့ရှိ ကယ်တင်ခဲ့ကြောင်း ရွှေသောင်ယံ ကမ်းခြေမြို့၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
29-Jun-2020
မန္တလေးမြို့တော်၌ ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီခန့်က ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးကို အခြား ဆိုင်ကယ်တစ်စီးပေါ်မှ အမျိုးသားနှစ်ဦးက သေနတ်နှင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။
29-Jun-2020
COVID -19 ကြောင့် ပြည်ပနိုင်ငံအသီးသီးမှ ပြန်လည်ရောက်ရှိလာသော အင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးကျွမ်းကျင်သူများ၊ ဆောက်လုပ်ရေး လုပ်သားများကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) ထံမှသိရသည်။
29-Jun-2020
ပြည်တွင်းအခွန်များဦးစီးဌာနအနေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မေလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၄၁၅၅ ဒသမ ၄၁ ဘီလီယံ ရရှိခဲ့ပြီး လျာထားချက်၏ ၆၂ ဒသမ ၄ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
29-Jun-2020
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ အထင်ကရဘုရား ၁၄ ဆူတွင် ဘုရားဖူးများလာရောက်ဖူးမြော်နိုင်ရန် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးပြီးဖြစ်သည်ဟု ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောကြားသည်။
28-Jun-2020
သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက လာမည့်အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေအားလုံး၌ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ၏ မန္တလေးတိုင်း အဖွဲ့ခေါင်းဆောင် ဦးအောင်မြင်က ပြောကြားသည်။
28-Jun-2020
မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသား ၁၆၉ ဦးကို ငါးကြိမ်မြောက်အဖြစ် ဆက်လက်ခေါ်ယူခဲ့ရာ ဇွန်လ ၂၇ ရက်နေ့တွင် ပြန်လည်ရောက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
28-Jun-2020
ပုသိမ်မြို့ရှိ အလုပ်သမားများ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအား တရားမျှတစွာဆုံးဖြတ်ခြင်းမရှိဟုဆိုကာ ဧရာဝတီတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့်တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲ ၅ ဦးကို အရေးယူပေးရန် နစ်နာသူ အလုပ်သမားများက သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံထံ တိုင်ကြားထားကြောင်း စက်ရုံအလုပ်သမားသမဂ္ဂအဖွဲ့ထံမှ သိရသည်။