News

POST SECTION

LATEST NEWS POST

13-Feb-2019
ရတနာပုံတက္ကသိုလ် လုံခြုံရေးနှင့် သန့်ရှင်းရေးတို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည့် ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)ကျောင်းသား ခုနစ်ဦးကို မီးရှို့မှုနှင့် ငြိမ်းစုစီပုဒ်မနှစ်ခုတို့ပေါင်း၍ အမရပူရမြို့နယ်တရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ်များအသီးသီးချမှတ်ခဲ့သည်။
13-Feb-2019
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၂ ရက်မွန်းလွဲပိုင်းက အွန်လိုင်းအသုံးပြု၍ လောင်းကစားလုပ်နေသည့် မိန်းကလေးတစ်ဦးပါဝင်သော ထိုင်းနိုင်ငံသား ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။
13-Feb-2019
အေးခဲအသား (အစို)၊ အေးခဲရေထွက်ကုန် ပစ္စည်းများ၊ အသားအမျိုးမျိုးနှင့် ရေထွက်ကုန်ပစ္စည်းများကို အခြေခံအသုံးပြု ထုတ်လုပ်ထားသည့် စားသောက်ကုန်ပစ္စည်းများ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းမှုကို မတ်လ ၁ ရက်နေ့မှစတင်၍ ပိတ်ပင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
13-Feb-2019
မိတ္ထီလာမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ညပိုင်းက ယာဉ်တိုက်မှုနှစ်ခုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
13-Feb-2019
မြန်မာနိုင်ငံအတွင်း အသုံးပြုသည့် မွေးမြူရေးလုပ်ငန်းသုံး တိရစ္ဆာန်အစာဝယ်လိုအားသည် လာမည့် ၂ နှစ်အတွင်း မက်ထရစ်တန်ချိန် ၄ သန်းခန့်အထိ မြင့်တက်နိုင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။
13-Feb-2019
မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အင်းပက်လက်ကျေးရွာတွင်တွေ့ရှိသည့် ဂျပန်စစ်သည်တစ်ဦး၏ အရိုးစုများကို မတ်လအတွင်း ဂျပန်နိုင်ငံထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ယင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်နီလာဝင်းက ပြောကြားသည်။
13-Feb-2019
ကျပ်ငါးထောင်ဖြင့် ရောင်းချသည့် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ အမျိုးအစားကို ရောင်းချရာတွင် အာမခံဝယ်ယူသူများက ယခင်ကထက် စိတ်ဝင်စားမှုရှိလာကြောင်း ပုဂ္ဂလိကအာမခံကုမ္ပဏီများထံမှ သိရသည်။
13-Feb-2019
မန္တလေးတိုင်းအတွင်း ဧရာဝတီမြစ်ဘေးရှိ ကျေးရွာ ၁၅ ရွာတွင် ကမ်းပြိုခြင်းအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ယင်းတိုင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
13-Feb-2019
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက်က္ကာလမ်းတွင် ပဲပြုတ်နှင့် နံပြားအဖွဲ့က အများပြည်သူကို ပဲပြုတ်နံပြားဝေခဲ့သည်။
13-Feb-2019
အမေရိကန်လွှတ်တော် ညှိနှိုင်းရေး တာဝန်ခံများက ၎င်းတို့သည် စနေနေ့တွင် စတင်ဖွယ်ရှိနေသည့် နောက်ထပ်အစိုးရ ရပ်ဆိုင်းမှုကို ရှောင်ရှားရန်အတွက် နယ်စပ်လုံခြုံရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ်ကို ခက်ခက်ခဲခဲ ရယူခဲ့ကြသည်ဟု တနင်္လာနေ့က ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
13-Feb-2019
ဗြိတိန်သည် ဘရိတ်ဇစ်အလွန်တွင် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် စစ်ရေးအင်အားကို အသုံးပြုသွားမည်ဟု ကာကွယ်ရေးဝန်ကြီး ဂါဗင်ဝီလီယံဆန်က တနင်္လာနေ့တွင် ပြောကြားလိုက်သော်လည်း ရေရှည် ဘတ်ဂျက်လုံလောက်ရေးနှင့် ပတ်သက်၍ အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
13-Feb-2019
ဂျပန်ဧကရာဇ်သည် စစ်ရာဇဝတ်မှု ကျူးလွန်သူများ၏ သားတစ်ဦးဖြစ်သည်ဟု တောင်ကိုရီးယားအမျိုးသားလွှတ်တော် ဥက္ကဋ္ဌဖြစ်သူက ခေါ်ဝေါ်ပြောဆိုခဲ့မှုအပေါ် ဂျပန်နိုင်ငံက ကြီးစွာအမျက်ထွက်လျက် ရှိပြီး တောင်ကိုရီးယားအနေနှင့် အမြန်ဆုံး ဝန်ချတောင်းပန်ရန် တောင်းဆိုလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
12-Feb-2019
ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်ဗဟိုစာတိုက်ကြီးတွင် ဖေဖော်ဝါရီလ ၁၁ ရက် မွန်းလွဲပိုင်းက ဂျာမနီနိုင်ငံမှပေးပို့လာသော ကျပ်သိန်းတစ်သောင်းကျော်ရှိ မူးယစ်ဆေးဝါးများ ပါရှိသော ပါဆယ်ထုပ်ကို လာထုတ်ယူသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်
12-Feb-2019
မြန်မာနိုင်ငံရှိ လူထုအတွင်း အစားများသည့် အစားအသောက်များ၏ အာဟာရတန်ဖိုးများပါဝင်သည့်စာအုပ် ထုတ်ဝေရန်စီစဉ်လျက်ရှိကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) အာဟာရသုတေသနဌာနခွဲမှ ဒေါက်တာမို့မို့လှိုင်က ပြောကြားသည်။
12-Feb-2019
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီခန့်က ထိုင်းနိုင်ငံသား ဆိုင်ကယ်စီးအမျိုးသားတစ်ဦးကို စစ်ဆေးရာမှ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။