News

POST SECTION

LATEST NEWS POST

08-Nov-2019
အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသမှ အင်အားကြီးပြိုင်ဘက်ဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံကို လွှမ်းမိုးနိုင်ရေးအတွက် မဟာဗျူဟာယှဉ်ပြိုင်မှုတွင် အနိုင်ရရှိလျက်ရှိသည်ဟု လန်ဒန်အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ လေ့လာချက်တစ်ရပ်ကို BBC သတင်းဌာနက ကိုးကားဖော်ပြသည်။
08-Nov-2019
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် အသစ်ထပ်မံထုတ်လုပ်ထားသည့် စံချိန်မီ ငါးမူးသားဒင်္ဂါးများကို စတင်ရောင်းချနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
08-Nov-2019
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားများ တစ်စထက်တစ်စ တိုးတက်မြင့်မားလာမည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
07-Nov-2019
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ ၇ရက် နေ့လည် ၁ နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေအလယ်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ကြေညာသည်။
07-Nov-2019
တောင်ကိုရီးယားဘက်သို့ မပြေးလာခင် ငါးဖမ်းသင်္ဘောပေါ်တွင် သင်္ဘောသား ၁၆ ဦးကို သတ်ပစ်ကာ ခိုလှုံလာသည့် မြောက်ကိုရီးယားသားနှစ်ဦးကို တောင်ကိုရီးယားက ဖမ်းကာ မြောက်ကိုရီးယားသို့ ပြန်ပို့ခဲ့ကြောင်း သတင်းများက ဆိုသည်။
07-Nov-2019
ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာအုပ်စု ကင်မွန်းခြုံကျေးရွာနေ တက္ကသိုလ်ကျောင်းသူကို အိမ်ထောင်ရှိအမျိုးသားတစ်ဦးက ခိုးပြေးခဲ့သဖြင့် နိုဝင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက အမှုဖွင့်ထားကြောင်း ဇရပ်ကြီးနယ်မြေရဲစခန်းထံမှ သိရသည်။
07-Nov-2019
ထိုင်းတောင်ပိုင်းဒေသမှ မွတ်စလင်အမြောက်အမြားနေထိုင်ရာနယ်မြေတွင် ပုန်ကန်သောင်းကျန်းသည့်အုပ်စုများ၏ သတ်ဖြတ်မှုကြောင့် ကျေးရွာကာကွယ်ရေး တာဝန်ရှိသူ စေတနာ့အမှုထမ်း ၁၅ ဦး သေဆုံးသွားပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်များက ပြောကြားသွားသည်။
07-Nov-2019
ထိုင်းနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများက် လုပ်ခလစာများသည့်အတွက် မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းလုပ်ကိုင်ရန် လာရောက်ဆွေးနွေးမှုများရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။
07-Nov-2019
ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးကို ကရင်နီအမျိုးသားသစ္စာဖောက်အဖြစ်ကြေညာသော ကရင်နီလူငယ်ခြောက်ဦးကို နိုင်/လွတ်/လုံ ဥပဒေဖြင့် ထောင်ဒဏ် ၆ လစီကျခံရန် လွိုင်ကော်မြို့နယ်တရားရုံးက နိုဝင်ဘာ ၇ ရက်တွင် အမိန့်ချခဲ့သည်။
07-Nov-2019
နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ အမေရိကန်ဒေါ်လာလေးသိန်း တရုတ်နိုင်ငံက လှူဒါန်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
07-Nov-2019
Yangon Water Bus ခရီးသည် ပို့ဆောင်မှုလုပ်ငန်း အရှုံးပေါ်သောကြောင့် ရပ်နားထားခြင်းမဟုတ်ဘဲ သင်္ဘောနှင့် ဆိပ်ကမ်း အဆင့်မြှင့်တင်နေသည့်အတွက် ပြေးဆွဲမှုရပ်နားထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
06-Nov-2019
မြန်မာ-ထိုင်း ဖက်စပ်ရင်းနှီးမြှုပ်နှံထားသည့် CB အသက်အာမခံလုပ်ငန်းကို အာမခံလုပ်ငန်းအမျိုးအစား ၁၄ ခုဖြင့် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း CB အသက်အာမခံလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာ ဦးသောင်းဟန်က ပြောကြားသည်။
06-Nov-2019
YBS ဘတ်စ်ကားများ ပြေးဆွဲနေသည့် YUPT ကုမ္ပဏီရှယ်ယာရှင်များ ရုန်းရင်းဆန်းခတ်ဖြစ်သည့် ကိစ္စနှင့်ပတ်သက်ပြီး ရှယ်ယာရှင်များ၏ ဆန္ဒအရ တင်ပြတောင်းဆိုချက်များကို သုံးသပ်ပြီး ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက် အတွင်းရေးမှူးဦးလှအောင်က ပြောသည်။
06-Nov-2019
မြန်မာနိုင်ငံမှ ကိုရီးယားကုမ္ပဏီ ၁၀၀ ခန့်သည် စက်မှုလုပ်ငန်းနှင့် သင့်တော်သည့်ပတ်ဝန်းကျင် မြန်မာနိုင်ငံတွင် မရှိသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရွှေ့ပြောင်းမည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။
06-Nov-2019
အထက်တန်းရှေ့နေဟောင်းဖြစ်ပြီး တရားသူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သည့် ဦးဇော်ဝင်းကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း ရုံးချိန်းတရားခွင်အရ သိရသည်။