News

POST SECTION

LATEST NEWS POST

11-Jun-2019
အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း ၂ ရပ်ကွက် နေအိမ်တစ်အိမ်တွင် ဇွန်လ ၁၀ ရက်၊ ညနေ ၆ နာရီခန့်က အရက်မတိုက်သဖြင့် ဖခင်နှင့်အစ်ကိုဖြစ်သူကို ပုလင်းဖြင့်ရိုက်ပြီး ပုလင်းကွဲနှင့်ထိုးသည့်အမျိုးသားကို အမှုဖွင့်ဖမ်းဆီးထားကြောင်း အုတ်တွင်းမြို့မရဲစခန်းထံမှ သိရှိရသည်။
11-Jun-2019
ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင်မှ ဆူးလေစေတီအနီးရှိ မြို့တော်ခန်းမသို့ လမ်းလျှောက်ချီတက်၍ ဦးဝီရသူအတွက် ဆုတောင်းမေတ္တာပေးပို့မှုကို ဦးဆောင်သည့်ရဟန်းလေးပါးနှင့် အမျိုးသားငါးဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်
11-Jun-2019
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံနေရသည့် တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု နောက်ထပ်ရုံးချိန်းတွင် တိုင်းဒေသကြီးစာရင်းစစ်ချုပ်ကို တရားလိုပြသက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းကဆိုသည်။
11-Jun-2019
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြဆူပူမှုဖန်တီးမှုကြောင့် တရားခံပြေးအဖြစ် ကြေညာခံထားရသော မိုက်ကယ်ကျော်မြင့်ကို လက်ခံထားသော ကုန်းကံကျေးရွာရှိ ယောက္ခမဖြစ်သူကို ဇွန်လ (၁၀) ရက်နေ့ ညပိုင်းတွင် အမှုဖွင့် ဖမ်းဆီးလိုက်ကြောင်း နယ်မြေခံ ပင်းတလဲ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
11-Jun-2019
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအလွန်ကောင်းနေသည့်အတွက် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည့်အပြင် လေပြင်းတိုက်ခတ်နိုင်ခြေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
11-Jun-2019
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေပေါ်ကျေးရွာတွင် ဇွန်လ ၉ ရက်နေ့ နံနက်က ဇနီးနှင့် သားဖြစ်သူကို တူဖြင့်ထု ဓားဖြင့်ခုတ်ခဲ့သည့် အမျိုးသားကို ရဲကသွားရောက်ရှာဖွေဖမ်းဆီးစဉ် ၎င်းမှာ နေအိမ်ခြံဝင်းအတွင်းရှိ နွားစာတိုက်ပေါ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
11-Jun-2019
ထွက်ပြေးလွတ်မြောက်နေသော ဦးဝီရသူကို ရဲတပ်ဖွဲ့က ယနေ့အချိန်ထိ ရှာဖွေဖမ်းဆီးနိုင်ခြင်းမရှိသဖြင့် ဇွန် ၁၈ ရက်နေ့၌ တရားခံမျက်ကွယ်တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်
11-Jun-2019
ဗဟိုဘဏ်သို့ နိုင်ငံခြားငွေပေးသွင်းရန် ကျန်ရှိနေသော ပို့ကုန်လုပ်ငန်းရှင်များအနေနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနသို့ လာရောက် စာရင်းမရှင်းလင်းပါက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် ပိတ်သိမ်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။
11-Jun-2019
အသက် ၈ နှစ်အရွယ် မွတ်ဆလင် မိန်းကလေးငယ်လေးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူများကို ဖမ်းဆီးရုံးတင်ထားရာ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်သည်ဟု DW သတင်းတစ်ရပ်က ဖော်ပြထားသည်။
11-Jun-2019
ဆန်ကုန်သည်များ နယ်သို့ တိုက်ရိုက်ဆင်းဝယ်ခြင်းကြောင့် ဘုရင့်နောင်ဆန် ကုန်စည်ဒိုင်သို့ ဆန်အဝင်နည်းနေကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အထွေထွေအတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။
11-Jun-2019
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို နေပြည်တော်ရှိ စာစစ်ဌာန ရုံးချုပ်နှင့် ရန်ကုန်မြို့ လှိုင်မြို့နယ် ပါရမီလမ်းရှိ စာစစ်ဌာန ရန်ကုန် ရုံးခွဲအသစ် တို့တွင် ဇွန်လ ၁၀ ရက်မှစ၍ ထုတ်ပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရှိရသည်။
11-Jun-2019
မြန်မာ့ဆန်ကို ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုးခန့် တရုတ်အစိုးရက ဝယ်ယူသွားရန် သဘောတူညီမှုရထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာမှ ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။
11-Jun-2019
ဟောင်ကောင်ကျွန်းတွင် တရားခံများကို တရုတ်နိုင်ငံ (ပြည်မကြီး) သို့ပို့ကာ တရားစီရင်စေမည့် တရားခံလွှဲပြောင်းမှုဆိုင်ရာ ဥပဒေကြမ်းဖျက်သိမ်းရေးအတွက် ဟောင်ကောင်ပြည်သူ တစ်သန်းခန့်က ချီတက်ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသော်လည်း ယင်းဥပဒေကို ဖျက်သိမ်းမည်မဟုတ်ဟု တရုတ်အစိုးရလိုလားသည့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလမ်က အသိပေးကြေညာလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
11-Jun-2019
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တွင် ဇွန်လ ၁၀ ရက်နေ့က လိင်တူချစ်သူများ ချီတက်ပွဲတစ်ခုတွင် အမျိုးသားတစ်ဦးက လူတစ်ဦးကို လေသေနတ်ဖြင့် ခြိမ်းခြောက်ခဲ့ရာ အခြားသူများ ထိတ်လန့်တကြား အော်ဟစ်ထွက်ပေးခဲ့သောကြောင့် လူနင်းမှုဖြစ်ပွားခဲ့ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
10-Jun-2019
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၂)ရပ်ကွက်တွင် ပဒူကောင်များကိုက်သဖြင့် အသက် ၆၀ နှစ် အမျိုးသမီးတစ်ဦးမှာ ဇွန် ၉ ရက် ညနေပိုင်းက သေဆုံးခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ စုံစမ်းသိရှိရသည်။