News

POST SECTION

LATEST NEWS POST

03-Nov-2019
ရာသီဥတုဖောက်ပြန်ခြင်းကို ကျော်လွှားနိုင်ဖို့အတွက် အာရှနိုင်ငံများအနေနဲ့ ကျောက်မီးသွေးမှ ကျောက်မီးသွေး ဖြစ်နေခြင်းကို ရပ်တန့်ရန်လိုပြီဟု ကုလသမဂ္ဂအကြီးအကဲက သတိပေးလိုက်သည်။
02-Nov-2019
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ လွယ်ကျောက်စေတီတောင် ဘုန်းကြီးကျောင်းအား ဝင်ရောက်စစ်ဆေးရာ အဆိုပါ ကျောင်းတိုက်မှ ဆရာတော် ဦးဝဏ္ဏိတထံမှ TNLA အဖွဲ့နှင့် ဆက်စပ်သည့် ဘတ်တံဆိပ်များ၊ ယူနီဖောင်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဓာတ်ပုံများနှင့် ထုတ်ပြန်ခဲ့သည်။
02-Nov-2019
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့နှင့် အဓိပတိလမ်းဘေးဝဲယာနေရာများရှိ သစ်ပင်ကြီး ၈၀ ခန့် ခုတ်လှဲနေသည်ကို ကန့်ကွက်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဦးဆောင်၍ ကျောင်းသား ၂၀ ခန့် စုပေါင်းကာ နိုဝင်ဘာ ၂ ရက်တွင် ယင်းတက္ကသိုလ်အတွင်း ဆန္ဒပြခဲ့ကြသည်။
02-Nov-2019
ပသျှူးလူမျိုးများ နိုင်ငံသားစိစစ်ရေးကဒ်ပြား ပြုလုပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးရုံး ဝန်ထမ်းများက ငွေကြေးတောင်းခံသည့်အပြင် မှတ်ပုံတင်ရရန် လချီကြန့်ကြာလေ့ရှိကြောင်း ကော့သောင်းခရိုင်တွင် နေထိုင်ကြသည့် ပသျှူးလူမျိုးများက ပြောကြသည်။
02-Nov-2019
သောင်းပေါင်းများစွာသော အီရတ်ပြည်သူများသည် ဘဂ္ဂဒက်မြို့လယ်တွင် စုရုံးခဲ့ပြီး နိုင်ငံရေးထိပ်သီးများကို အမြစ်ကလှန် ဖယ်ရှားပေးရေးအတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ဆက်ဒမ်ဟူစိန် ပြုတ်ကျသွားပြီးနောက် အကြီးဆုံးဆန္ဒပြပွဲဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။
02-Nov-2019
ထိုင်းနိုင်ငံရှိ နိုင်ငံတကာ ကရင်အဖွဲ့အစည်း (IKO) နှင့် ထိုင်းကရင် အဖွဲ့အစည်း (KTG) တို့က အောက်တိုဘာ ၃၁ ရက်နေ့တွင် ဒေါ်နော်အုန်းလှကို ကရင်အမျိုးသမီးသတ္တိရှင်ဆု ကိုဆုချီးမြှင့်ခဲ့သည်။
02-Nov-2019
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်တွင် ယနေ့ (နိုဝင်ဘာ၂ ရက်နေ့) နံနက် ၂ နာရီ ၄၀ မိနစ်ခန့်က ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မီးလောင်ခဲ့ပြီး ကျပ်သိန်း ၅၀၀ ခန့်ပျက်စီးဆုံးရှူံးခဲ့ကြောင်း ညောင်ပင်သာနယ်မြေရဲစခန်းမှသိရသည်။
31-Oct-2019
မောင်းမကန်ကမ်းခြေတည်ရှိရာ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာအုပ်စု ၁၂ ရပ်ကွက်တွင် အောက်တိုဘာလ ၃၁ ရက်နေ့က မီးလောင်ခဲ့ပြီး လူနေအိမ် ၈ လုံး မီးထဲ ပါသွားသည်။ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် မီးစလောင်ခဲ့ပြီး မိနစ်နှစ်ဆယ်အတွင်း မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မောင်းမကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောသည်။ မီတာပုံးနေရာမှ မီးစလောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
31-Oct-2019
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ နံနက်အစောပိုင်းက မန္တလေးမြို့ ကျုံးမြို့ရိုး၏ တောင်ဘက် ၇၈ လမ်းနှင့် ၂၆ လမ်းထောင့်ရှိမီးပွိုင့်တွင် မီးနီနေသည့်အတွက် ရပ်စောင့်နေသည့် မော်တော်ဆိုင်ကယ်ကိုဝင်တိုက်ခဲ့သော အနီရောင်ပြိုင်ကားမှ ယာဉ်မောင်းကို အလုပ်နှင့်ထောင်ဒဏ် ကိုးနှစ်ကျခံစေရန် အောင်မြေသာစံမြို့နယ်တရားရုံးက အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက အမိန့်ချမှတ်လိုက်သည်။
31-Oct-2019
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ် ကျေးရွာများအားလုံး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်မီးလင်းနိုင်တော့မည်ဖြစ်ကြောင်း ယင်းမြို့နယ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောကြားသည်။
31-Oct-2019
ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ပူနားကိုရွာနှင့် ပုံတရွာသွားလမ်းတွင် အောက်တိုဘာ ၂၉ ရက်က နယ်မြေရှင်းလင်းရေးဆောင်ရွက်သည့် တပ်မတော်သားများက ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု (၂၉) ထံမှ သိရသည်။
31-Oct-2019
ဆယ်တန်းကျောင်းသူနှင့် စက်မှုအထက်တန်းကျောင်းသား အတူနေပြီးနောက် ဆယ်တန်းကျောင်းသူ ကိုယ်ဝန်ရှိသော်လည်း တာဝန်မယူသဖြင့် စက်မှုအထက်တန်းကျောင်းသားကို မုဒိမ်းမှုဖြင့် ရဲစခန်းသို့ တိုင်ကြားထားသည်။
31-Oct-2019
မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်က ၂၀၁၈ ခုနှစ်အတွက် မြန်မာ့အကောင်းဆုံးအားကစားသမားဆုများ ပေးအပ်ပွဲကို အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ၏ သင်တန်းခန်းမတွင် အောက်တိုဘာလ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
31-Oct-2019
အဂတိလိုက်စားမှုဖြင့် တရားစွဲဆို ခံထားရသော BPI စက်ရုံမှူးဒေါက်တာ အောင်ဇော်အမှုတွင် လိုက်ပါဆောင်ရွက်သူ ဥပဒေအကြံပေးအနေနှင့် မီဒီယာများထံ ဖြေကြားသော စကားများသည်လွဲမှားမှုများရှိသည်ဟုဆိုကာ တိုင်းတရားသူကြီးက သတိပေးခဲ့ကြောင်း သတိပေးခံရသူ ဦးခင်မောင်မြင့်ထံမှ သိရသည်။
31-Oct-2019
အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပသည့် YUPT ကုမ္ပဏီ၏ အစည်းအဝေးတွင် ကုမ္ပဏီတာဝန်ရှိသူများနှင့် ရှယ်ယာရှင်များကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။