News

POST SECTION

LATEST NEWS POST

16-Nov-2019
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ကြက်သွန်ဥနီ ရောင်းဝယ်ဈေးနှုန်းမှာ ပြီးခဲ့သော နိုဝင်ဘာ ၁၄ ရက်နေ့မှ စတင်၍ တစ်ပိသာ ၂၅၀၀ ကျပ်ဈေးနှုန်း ရှိနေရာမှ နိုဝင်ဘာ ၁၆ ရက် နေ့တွင် တစ်ပိသာ ၃၅၀၀ ကျပ်အထိ တစ်ဟုန်ထိုး မြင့်တက် လာကြောင်း ပုသိမ်မြို့ ၊ ကြက်သွန်ဥနီ ရောင်းဝယ်သူများထံက သိရသည်။
16-Nov-2019
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရိုးမကြိုးပြင်ကာကွယ်တောအတွင်း နိုဝင်ဘာလ ၁၄ ရက်နေ့က နယ်၊မြေ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကျွန်း၊ ပျဉ်းကတိုးအပါအဝင် သစ်လုံးသစ်ခွဲခြမ်း တန် ၇၀ ကျော်ဖမ်းဆီးရမိခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှသိရှိရသည်။
16-Nov-2019
ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာခြံတွင် ပန်းအစစ် အပင်ပေါင်းသုံးသိန်းကျော် အသုံးပြုမည့် ပန်းအလှဆင်ပွဲတော်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ တစ်လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
16-Nov-2019
AA လက်နက်ကိုင်အဖွဲ့စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်၏ ညီမနှင့်ယောက်ဖဖြစ်သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် မရမ်းကုန်းရဲတပ်ဖွဲ့မှ ဒုရဲမှုးမင်းခိုင်က တရားစွဲဆိုခဲ့ရာ ယင်းမြို့နယ် တရားရုံးက နိုဝင်ဘာ ၁၅ ရက်တွင် လက်ခံခဲ့သည်။
16-Nov-2019
အီရန်အစိုးရက ရှောင်တခင်ကြေညာလိုက်သော ဓာတ်ဆီဈေးနူန်းမြှင့်ခြင်းနှင့် ခွဲတမ်းဖြင့် ရောင်းချပေးခြင်း အစီအစဉ်ကြောင့် အီရန်နိုင်ငံတလွှား ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။
16-Nov-2019
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် တပ်မတော်စစ်ကြောင်းကို AA လက်နက်ကိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသည့် တပ်ရင်းမှူးတစ်ဦး ကျဆုံးသွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
16-Nov-2019
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမတွင် အောက်တိုဘာလ (၁) ရက်နေ့က ပြုလုပ်ခဲ့သည့် (၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိခဲ့သဖြင့် ဆုချီးမြှင့်ငွေကို စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပေးအပ်ခဲ့ပြီး တစ်လကျော်ကြာသည်အထိ ကာယကံရှင်လက်ထဲ ရောက်မလာသေးသဖြင့် မီဒီယာများပေါ်တွင်ပျံနှံ့ခဲ့ပြီးနောက် ဆုငွေကို လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ဆုရရှိခဲ့သူ ဒုရဲအုပ်ဇော်သူ၏ အမျိုးသမီးဖြစ်သူ ဒေါ်သဲအိဇာက ပြောသည်။
16-Nov-2019
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြိုတွင် ယနေ့ ( နိုဝင်ဘာ ၁၆ ရက်) နံနက် ၁၀ နာရီခန့်က လူနေရပ်ကွက်များရှိ နေအိမ်အချို့ကို ရှောတိုက်ဒုံးများ ထိမှန်ပေါက်ကွဲခဲ့သည်။
15-Nov-2019
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးသည့် လက်နက်ကိုင်များအနေနှင့် ဥပဒေမဲ့လုပ်ရပ်များကို စွန့်၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် ထပ်မံဖိတ်ခေါ်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
15-Nov-2019
မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်း စီမံကိန်းကို ဒေသခံများက ကန့်ကွက်ခဲ့သည်။
15-Nov-2019
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံရသော AA လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မမိုးနှင်းဖြူနှင့် ယောက်ဖ ကိုကျော်နိုင်တို့ကို ယနေ့ နံနက်က မရမ်းကုန်းတရားရုံးတွင် ရုံးထုတ်ခဲ့သည်။
15-Nov-2019
ညောင်ဦးမြို့နယ် တက်မရေနံမြေရှိ ရေနံမှော်များတွင် ရေနံဆက်လက် ထုတ်ယူနေသဖြင့် ယင်းမြို့အထွေထွေ အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြီး ၎င်းဦးဆောင်သော ဌာနပေါင်းစုံ အဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ပြီး ယင်းရေနံမှော်များရှိ ရေနံလက်ယက်တွင်းများ ရေနံမထုတ်ယူနိုင်ရန် ရေနံတွင်းသံပိုက်များအတွင်းသို့ ကွန်ကရစ် လောင်းပိတ်ဆို့ခြင်း ဆောင်ရွက်ကြောင်း ယင်းခရိုင် စီမံခန့်ခွဲရေးအဖွဲ့ထံမှ သိရသည်။
14-Nov-2019
ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ပတ်သက်သည့် သတင်းမှားများပေးပို့ခြင်း နှင့် လူမှုကွန်ရက်ပေါ် တင်သူများကို စုံစမ်းအရေးယူမည်ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်အသိပေးသည်။
14-Nov-2019
ဆိပ်ဖြူမြို့နယ်ထွက် ကြက်သွန်နီ သုံးရက်အတွင်း တစ်ပိဿာလျှင် ကျပ် ၅၀၀ ကျော် ဈေးတက်ကြောင်း ကြက်သွန်နီ အဝယ်ဒိုင်များထံမှ သိရသည်။
14-Nov-2019
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် စက်မှုဝန်ကြီးဌာနတို့ကို တစ်ခုတည်းအဖြစ်ပေါင်းဆည်းရန် ယနေ့ (နိုဝင်ဘာ ၁၅ ) ရက်တွင် ကျင်းပမည့် လွှတ်တော်သို့တင်သွင်းမည် ဖြစ်သည်။