News

POST SECTION

LATEST NEWS POST

14-Nov-2018
မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက် ခေမာ ၄ လမ်းတွင် အသက် ၅၅ နှစ်အရွယ် အမျိုးသားကို ၎င်း၏ ယောက်ဖတော်စပ်သူက ဓားရှည်ဖြင့် ထိုးခုတ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
14-Nov-2018
အရှေ့အလယ်ပိုင်းဒေသများသို့ ဈေးကွက်သစ်တစ်ခုအဖြစ် မြန်မာ့ငါးတန်ကို နိုဝင်ဘာလမှစကာ ကွန်တိန်နာငါးလုံးခန့် စတင်၍ တင်ပို့လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
14-Nov-2018
မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ရှိ မြို့နယ် စုပေါင်းရုံး (အထွေထွေအုပ်ချုပ်ရေးမှူးရုံး)တွင် အစည်းအဝေးတက်နေစဉ် ဆိုင်ကယ် ခိုးယူခံရမှု နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့ကြောင်း တဲကြီးကုန်းကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးအောင်တင်ချောက ပြောကြားသည်။
14-Nov-2018
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည် ဝင်ရောက်မည့် ဒုက္ခသည်များအတွက် ဟင်းသီးဟင်းရွက်နှင့် သားငါးဝယ်ယူနိုင်ရန် မောင်တောနယ်စပ်ကုန်သည်များ အသင်းက ဈေးဖွင့်လှစ်ပေးသွားမည်ဆိုသည့်သတင်းမှာ မဟုတ်ကြောင်း အဆိုပါအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက ပြောကြားသည်။
14-Nov-2018
တိုက်ကြီးမြို့နယ် အဖျောက်မြို့ ၄ ရပ်ကွက် ပန်းတုန်းပိတ်ရွာတွင် နိုင်ဝင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်က ဧရာဝတီမြစ်ကမ်း ဆက်တိုက်ပြိုကျ၍ အိမ်နှစ်လုံး ရေထဲပါသွားပြီး ယနေ့ နိုဝင်ဘာ ၁၄ ရက်တွင် မြစ်ကမ်းနှင့်ကပ်ပြီး စိုးရိမ်ရသည့် အိမ် ၁၅ လုံးကို အရေးပေါ်ပြောင်းရွှေ့နေကြောင်း အဆိုပါရွာမှ အိမ်ပြောင်းရွှေ့ရသူ ကိုအောင်ထွန်းလေးက ပြောသည်။
14-Nov-2018
နိုင်ငံခြားဘဏ်များ၏ ငွေချေးခြင်းနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ကိုင်ခြင်း စသည့် လုပ်ထုံးလုပ်နည်းညွှန်ကြားချက်အသေးစိတ်ကို ယခုလအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
14-Nov-2018
ယခုနှစ် ဆယ်တန်းစာမေးပွဲဖြေရန် စာရင်းပေးထားသူ ကိုးသိန်းခန့်ရှိပြီး မနှစ်ကထက် ခြောက်သောင်းခန့်ပိုများကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရှိရသည်။
14-Nov-2018
တရုတ်ပြည်၏ ရှေးဟောင်းသမိုင်း ဝင်မြို့တော်ဖြစ်သည့် ရှီအန်းမြို့နှင့် ရန်ကုန်မြို့အကြား ပထမဆုံးခရီးစဉ်အဖြစ် တရုတ်ပြည်အခြေစိုက် စီချွမ်လေကြောင်းလိုင်းသည် နိုဝင်ဘာလ ၁၃ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းပြေးဆွဲခဲ့သည်။
14-Nov-2018
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် မိုးဆမ်းပန်းအိမ်ရာကိုထူထောင်ပြီး မိသားစု ၅၈ စုကို နေအိမ်များ ရောင်းချထားသည့် ပျိုမေ့အိမ်ငွေချေးအသင်း ခေါင်းဆောင် ဒေါ်လီဇာကို တိကျမှန်ကန်သော တရားဥပဒေအရ အရေးယူပေးစေလိုကြောင်း ယင်းမိုးဆမ်းပန်းအိမ်ရာမှ နေအိမ်များကို ဝယ်ယူထားသည့်သူများက ပြောကြားသည်။
14-Nov-2018
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မော်လမြိုင်မြို့နယ်အဆင့်ပါတီ အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်နေသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းထင်အောင်ဟန်ကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တာဝန်မှ ရပ်စဲလိုက်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (မွန်ပြည်နယ်) ထံမှ သိရသည်။
14-Nov-2018
ကားပေါ်တွင် ဗုဒ္ဓဘာသာသာသနာ့အလံလွှင့်ထူပြီး ပြည်မဘက်သို့ ခိုးဝင်လာသော ဘင်္ဂါလီလူမျိုး ၁၅ ဦးကို နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် အမ်းမြို့နယ် ကံမြင့်ကန် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ထံမှ သိရသည်။
14-Nov-2018
အပစ်ရပ်သဘောတူညီချက်များနှင့် ပတ်သက်၍ တပ်မတော်နှင့် သဘောထားကွဲလွဲမှုများ ရှိနေသည့်အတွက် တပ်မတော်နှင့် သီးသန့်ဆွေးနွေးသွားရန် လိုအပ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့သည်။
14-Nov-2018
Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့သည့်ဆောင်းပါးနှင့်ပတ်သက်၍ မီဒီယာကျင့်ဝတ်နှင့် ညီ၊ မညီ ဆုံးဖြတ်ပေးရန် သတင်းမီဒီယာကောင်စီထံ Eleven Media မှ တာဝန်ရှိသူများက တင်ပြခဲ့ကြောင်း သတင်းမီဒီယာကောင်စီ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။
14-Nov-2018
မြန်မာဘက်သို့ ပြန်ပို့မည့် အစီအစဉ်တွင် ပါဝင်မည်စိုးရိမ်သဖြင့် ရိုဟင်ဂျာဒုက္ခသည်များ (ပြည်တွင်းအခေါ် ဘင်္ဂါလီ) သည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်ခိုလှုံရာစခန်းများမှ ထွက်ပြေးမှုများရှိနေကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
14-Nov-2018
အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်း ရှိ ခြံအမှတ် (၅၁/ဘီ)တွင် ဖွင့်လှစ်ထားသည့် အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီမှ မန်နေဂျာကို ဖမ်းဆီးခေါ်ဆောင်သွား သည့်အဖွဲ့တွင်ပါဝင်သော အမျိုးသားငါးဦးအား ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။