News

POST SECTION

LATEST NEWS POST

03-Jul-2020
ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ​ကျေးရွာသမဝါယမ အသင်းစုဥက္ကဋ္ဌတစ်ဦးအား မြို့နယ်​သမဝါယမအသင်းမှ တရားစွဲဆိုထားကြောင်း ကတိုင်စိန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်
03-Jul-2020
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၊ လယ်ယာထုတ်ကုန် စီမံခန့်ခွဲ ရေးအဖွဲ့က ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်နှင့် ငစိန် ၂၅ ရာခိုင်နှုန်း ဆန်အိတ်စုစုပေါင်း ၄၆,၁၁၆ အိတ်ကို မျက်မြင်အခြေအနေအတိုင်း ပြည်တွင်းလုပ်ငန်းရှင်များသို့ တင်ဒါစနစ်ဖြင့် ရောင်းချလျက်ရှိကြောင်း ယင်းအဖွဲ့ထံမှသိရသည်။
03-Jul-2020
ပဲခူးမြို့နယ်စည်ပင်သာယာ‌ရေး နယ်နိမိတ်အတွင်း ခွေးလေခွေးလွင့် လျှော့ချရေးစီမံချက်အတွက် အဆိပ်ချသတ်နိုင်သည့်ခွင့်ပြုချက် ရရှိထားပြီ ဖြစ်ကြောင်း ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်မြင့်မြင့်ဝေက ပြောကြားသည်။
03-Jul-2020
စစ်ကိုင်းတိုင်း တမူးမြို့နယ် ထုံကတင်ကျေးရွာအုပ်စု နောင်ကတ်ကျေးရွာဟောင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအိမ်နှင့် ကပ်လျက် သားအမိနှစ်ဦးတည်းနေထိုင်သည့်အိမ်ကို သေနတ်ကိုင်ထားသူများက ဓားပြတိုက်ခဲ့ကြသည်ဟု ထုံကတင်ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူး ဦးမောင်ညွန့်က ပြောကြားသည်။
03-Jul-2020
လူစုလူဝေးဖြင့် နှစ်သိမ့်ဓမ္မတေးသီဆိုဆုတောင်းပွဲပြုလုပ်ခဲ့သော စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့နှစ်ဦး၏ အမှုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲချက်တင်စစ်ဆေးရန် ဇူလိုင် ၂ ရက်နေ့က မရမ်းကုန်း မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။
03-Jul-2020
ONE Championship ပြိုင်ပွဲကျင်းပရေးက မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲကိုမကြာမီ ထုတ်ပြန်ကြေငြာမည်ဖြစ်ခြင်းကြောင့် ချန်ပီယံကာကွယ်ပွဲ ယှဉ်ပြိုင်ရမည့်အောင်လသည် ပြိုင်ပွဲယှဉ် ပြိုင်ရန်စောင့်ဆိုင်းနေကြောင်း ဆိုသည်။
03-Jul-2020
လူဦးရေသုံးသန်းအထိရှိသော ဟောင်ကောင်ဒေသခံများကို ဗြိတိန်တွင် လာရောက်အခြေချခွင့်၊ နိုင်ငံသားလျှောက်ထားခွင့် ဗြိတိန်က ကမ်းလှမ်းလိုက်ကြောင်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က အတည်ပြုထားသည်။
03-Jul-2020
အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဝေဖန်မှုများဖြစ်ပေါ်ခဲ့ပြီး ရောဂါထိန်းချုပ်ရေး ပိတ်ပင်ထားသည့် စည်းကမ်းများကို ကိုယ်တိုင်ချိုးဖောက်မိခြင်းကြောင့် နယူးဇီလန် ကျန်းမာရေးဝန်ကြီးရာထူးကနုတ်ထွက်သွားခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။
03-Jul-2020
Yangon Bus Public Co.,Ltd. (YBPC) ကုမ္ပဏီအနေနှင့် ယာဉ်မောင်းများ၏ လစာထက်ဝက်လျှော့ချရာတွင် မိမိတို့သဘောဆန္ဒအရ မမောင်းနှင်နိုင်သောကြောင့် အလုပ်ထွက်သည့် ယာဉ်မောင်းများကို အလုပ်သမားဥပဒေနှင့်အညီ ရသင့်သည်များကို ပေးဆောင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။
03-Jul-2020
ပုသိမ်မြို့ကိုအခြေပြု၍ အနယ်နယ်အရပ်ရပ်သို့ပြေးဆွဲနေသည့် အဝေးပြေးကားလိုင်းများအနေနှင့် ပုသိမ်မြို့လယ်ရှိ ရွှေစေတီလမ်းနှင့် ကုန်သည်လမ်းတို့တွင် ဂိတ်ထိုးခြင်း၊ လက်မှတ်ရောင်းချခြင်း၊ ခရီးသည် တင်ဆောင်ခြင်းမပြုလုပ်ရန် ပုသိမ်မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီက ဇွန်လ ၂၈ ရက်စွဲဖြင့် နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်လိုက်သည်။
03-Jul-2020
ပဲခူးဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံနေသူတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၂ ရက်နေ့နံနက် ၈ နာရီခန့်တွင် ထုတ်ပြန်ခဲ့ရာ ယင်းလူနာအမျိုးသားကို ကလိဆေးရုံ(ပဲခူးတိုင်းဆေးရုံ)တွင် အထူးကြပ်မတ်ကုသပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးငြိမ်းက ပြောကြားသည်။
03-Jul-2020
မိတ္ထီလာမြို့တွင် JICA ချေးငွေ ဖြင့်ဆောင်ရွက်လျက်ရှိသော သောက်သုံးရေပေးဝေရေးလုပ်ငန်းကို လာမည့်စက်တင်ဘာလကုန်တွင် စတင်မည်ဖြစ်ရာ အဆိုပါလုပ်ငန်းတွင် စမတ်မီတာစနစ်တပ်ဆင်အသုံးပြုမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ပြောကြားသည်။
03-Jul-2020
ဇာတ်ကောင်လှုပ်ရှားမှုနှင့် အဆင့်မြင့်မီဒီယာ ကျွမ်းကျင်အထူးပြုဘာသာရပ်တို့ကို သင်ကြားပေးမည့် အနုပညာ ကွန်ပျူတာဒီပလိုမာသင်တန်းကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် ဇူလိုင် ၅ရက်မှစ၍ လျှောက် ထားနိုင်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။
03-Jul-2020
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ ခုတွင် အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်း (NTP)၏ လမ်းညွှန်ချက်ဖြင့် အခမဲ့တီဘီရောဂါ ရှာဖွေကုသမှုများကို ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။
03-Jul-2020
ယခုပညာသင်နှစ်တွင် မြို့နယ် ၅၇ မြို့နယ်မှ အခြေခံပညာကျောင်းများတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းလေးသောင်းကျော်ကို ဒိန်းမတ်နိုင်ငံက ထောက်ပံ့ငွေပေးအပ်မည်ဖြစ်ကြောင်း ဇူလိုင်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင် ရာ ဒိန်းမတ်သံရုံးက ထုတ်ပြန်ကြေညာသည်။