News

POST SECTION

LATEST NEWS POST

17-Jan-2017
မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် Blue Sky ကေတီဗီ ဝန်ထမ်း နှစ်ဦးကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လယ်က ပြန်လည် လွှတ်ပေးလိုက် ကြောင်း မုံရွာမြို့မရဲစခန်းထံမှ သိရသည်။
17-Jan-2017
YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲချိန် ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန် ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) ညနေ ၅ နာရီတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးယာဉ် ၄၁ စီးဖြင့် မဟာဗန္ဓုလပန်းခြံရှေ့မှ လိုအပ်သည့် ခရီးစဉ်များကို အခမဲ့ လိုက်လံပို့ဆောင်ပေးမည် ဖြစ်ကြောင်း အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှု ရဲမှူးချုပ် မြဝင်းက ပြောသည်။
17-Jan-2017
YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲသည့် ဇန်နဝါရီ ၁၆ ရက် ညတွင် ကားမှတ်တိုင်ရှိ ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်များအား ဖျက်ဆီးခဲ့သော အမျိုးသားနှစ်ဦးကို မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့တွင် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။
17-Jan-2017
အာရှဘောလုံး အဖွဲ့ချုပ်က ဦးဆောင်၍ ယူအေအီးနိုင်ငံက အိမ်ရှင်အဖြစ် ၂ဝ၁၉ ခုနှစ်တွင် ကျင်းပမည့် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဇန်နဝါရီလ တတိယပတ်တွင် ကျင်းပမည်ဖြစ်ကြောင်း အာရှဘောလုံး အဖွဲ့ချုပ်ထံမှ သိရသည်။
17-Jan-2017
ပထမတန်း (Grade 1) သင်ရိုးသစ်တွင် ကလေးများ စိတ်ဝင်စားစေရန် အရောင်အသွေး စုံလင်သည့် သရုပ်ဖော်ပုံများ ထည့်သွင်းထားကြောင်း ပထမတန်း သင်ရိုးသစ် သင်တန်းပို့ချရေး ပူးပေါင်းဆောင်ရွက်ရာတွင် ပါဝင်သူ ဒေါက်တာအောင်အောင်မင်းက The Voice သို့ ပြောကြားသည်။
17-Jan-2017
စနစ်သစ်ဖြင့် ပြောင်းလဲပြေးဆွဲသော YBS ယာဉ်လိုင်းအချို့သည် စတင်ပြေးဆွဲသည့် ဇန်နဝါရီလ ၁၆ ရက်က ယာဉ်စီးခ ပိုမိုတောင်းခံမှုရှိကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
17-Jan-2017
ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ငွေကျပ် သိန်းသုံးသောင်းကို လှူဒါန်းခဲ့ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။
17-Jan-2017
ရွှေ့ပြောင်းအခြေချသူ တစ်သန်းကျော် လက်ခံပေးခဲ့ခြင်းသည် ဂျာမန် အဓိပတိ အင်ဂလာမာကယ်လ်၏ မဟာအမှား ဖြစ်သည်ဟု အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဒေါ်နယ်ထရမ့်က သုံးသပ်ခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။
16-Jan-2017
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဂျပန်နိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Dr. Akio Mimura အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၇၀ ခန့်တို့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
16-Jan-2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လာမည့် ရက် သတ္တပတ်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ယင်းလက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။
16-Jan-2017
ရန်ကင်းမြို့နယ် တရားရုံးတွင် လိမ်လည်မှုဖြင့် သရုပ်ဆောင် မေသန်းနုကို တရားလိုပြု တိုင်ကြားထားသူ ဒေါ်စန်းစန်းမြင့်ကို ကမာရွတ်မြို့နယ် တရားရုံးတွင် အသရေဖျက်မှုဖြင့် မေသန်းနုက ပြန်လည် အမှုဖွင့် တရားစွဲဆိုထားကြောင်း တရားစွဲဆိုခံရသူထံမှ သိရသည်။
16-Jan-2017
ရခိုင်ပြည်နယ် ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စရန်ဟီးလီသည် လေးရက်တာ ခရီးစဉ် ပြီးဆုံးသဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းတွင် မြန်မာလေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
16-Jan-2017
အောင်မြေသာစံမြို့နယ်အတွင်းရှိ ကလေးငယ် နှစ်ဦးကို မဖွယ်မရာ ပြုလုပ်ခဲ့သူအား အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် အနှစ် ၄၀ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း မန္တလေးခရိုင်တရားရုံးထံမှ သိရသည်။
16-Jan-2017
ကြက်ဘဲဈေးအနီး ပုသိမ်ညွန့်(၂)လမ်း မှတ်တိုင်တွင် ခရီးသည်အမျိုးသားကို သံတုတ်ဖြင့် ရိုက်ရာမှ လူသေဆုံးမှုတွင် ထွက်ပြေး တိမ်းရှောင်နေသော အသက် ၂၈ နှစ် ယာဉ်နောက်လိုက် အမျိုးသားကို ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) နံနက် ၁၀ နာရီခွဲက တာမွေဗလီအနီး သန်လျင် ကားဂိတ်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
16-Jan-2017
စပါးနည်းပြ ပိုချက်တီနိုသည် စပါးက ဝက်စ်ဘရွန်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်း၏ အဓိက နောက်ခံကစားသမားတစ်ဦး ဖြစ်သည့် ဗာတွန်ဂန် ထိခိုက်ဒဏ်ရာ ရသွားခဲ့သော်လည်း ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် လက်ရှိ ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမည် မဟုတ်ဟု အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။