News

POST SECTION

LATEST NEWS POST

20-Jan-2017
စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန်အတွက်ဟု ဆိုကာ ဂျပန်နိုင်ငံရောက် မြန်မာများ စုပေါင်း၍ မြန်မာသံရုံးရှေ့၌ ဖေဖော်ဝါရီလ၄ ရက်နေ့တွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြမည် ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း (ဂျပန်) ထံမှ သိရသည်။
20-Jan-2017
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် အမြန်ဆုံး ပါဝင်လက်မှတ်ထိုးနိုင်ရေး အစိုးရ၊ တပ်မတော်တို့က ပိုမိုလမ်းဖွင့်ပေးရန် ပထမအကြိမ် ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲက ထုတ်ပြန်တောင်းဆိုလိုက်သည်။
20-Jan-2017
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်၍ နိုင်ငံတော်လုံခြုံ ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်၌ ဇန်နဝါရီ ၂၃ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
20-Jan-2017
ရန်ကုန်မြို့တော်တွင်း ဇန်နဝါရီလ ၁၆ ရက်မှစ၍ ခရီးသည် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေသည့် YBS တံဆိပ်တပ် ယာဉ်လိုင်းများမှ ယာဉ်လုပ်သားများကို ယခင်မထသ (ဗဟို) ၏ စည်းကမ်းချက် ၁၃၈ ချက်ဖြင့်ပင် အရေးယူမည်ဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
20-Jan-2017
ပထမဆုံး တရုတ်-ဗြိတိန် ကုန်ရထာ သည် မိုင် ၇၅၀၀ ခရီးကို ခုတ်မောင်းပြီးနောက် ဗုဒ္ဓဟူးနေ့က လန်ဒန်သို့ ရောက်ရှိလာခဲ့ရာ ဥရောပတစ်လွှားနှင့် အာရှအကြား ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများ တည်ဆောက်ရန် တရုတ်နိုင်ငံ၏ အားထုတ်မှုတွင် မိုင်တိုင်တစ်ခု ဖြစ်လာသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
20-Jan-2017
မန်ယူအသင်းသည် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ယခုလအတွင်း ကမ္ဘာတစ်လွှားမှနေ၍ Follow လုပ်ခဲ့ရာတွင် မြန်မာနိုင်ငံက အများဆုံး ဖြစ်သည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။
20-Jan-2017
မွန်အမျိုးသားနေ့ အခမ်းအနားအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့ပေးသွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
20-Jan-2017
မန်ယူအသင်းသည် အသင်းတိုက်စစ် တောင်ပံကစားသမား ဒီပေးကို လိုင်ယွန်ထံသို့ ရောင်းချလိုက်ပြီဖြစ်ကာ ဒီပေးအပြောင်းအရွှေ့အတွက် မန်ယူနှင့် လိုင်ယွန်အကြားတွင် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၁ ဒသမ ၆ သန်းဖြင့် သဘောတူညီမှု ရခဲ့ခြင်း ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
20-Jan-2017
ရွေးကောက်ပွဲရှုံး ဂမ်ဘီယာသမ္မတ ယာဟ်ယာဂျမား ရာထူးမှ ဆင်းမပေးပါက အိမ်နီးချင်း နိုင်ငံများက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည်ဟု ခြိမ်းခြောက်ထားသော်လည်း သတ်မှတ်ချိန် ကျော်လွန်သည်အထိ သမ္မတမှာ ရာထူးမှ ဆင်းပေးရန် ငြင်းဆန်နေဆဲဖြစ်ကြောင်း BBC သတင်းက ဖော်ပြသည်။
20-Jan-2017
အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် မန်ယူသို့ ပြောင်းရွှေ့ကစားရန် သေချာနေပြီ ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
20-Jan-2017
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဖလပ်ရပ်ကွက်တွင် ခွင့်ပြုမိန့်မရှိဘဲ အသံချဲ့စက် ကျယ်လောင်စွာ ဖွင့်လှစ်ပြီး ကံစမ်းမဲ လက်မှတ်ရောင်းသူတစ်ဦးကို အမှုဖွင့်ထားကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းတင်ဖေက ပြောသည်။
20-Jan-2017
အစိုးရအဖွဲ့ဝင်များနှင့် ဥပဒေပြုရေးမှ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို စိစစ်နိုင်ရန်အတွက် စိစစ်ရေးအဖွဲ့ကို ယင်းပါတီအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် ခေါင်းဆောင်၍ အဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်လိုက်သည်။
20-Jan-2017
အမှုမခိုင်လုံကြောင်း စီအိုင်ဒီ၏ ပြန်ကြားစာအရ ဆက်သွယ်ရေး ဥပေဒပုဒ်မ ၆၆ (ဃ) ဖြင့် ရန်ကင်းမြို့မ ရဲစခန်းတွင် ဖမ်းဆီးထားသော 2014 Miss International Queen Myanmar မျိုးကိုကိုစန်းကို ဇန်နဝါရီလ ၂၀ ရက် နံနက် ၇ နာရီက ပြန်လွှတ်ပေးခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
20-Jan-2017
ဖားကန့်မှာ ကျောင်းဆရာတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ကိစ္စ မန္တလေးမြို့မှာ သာမကဘဲ ရန်ကုန်မြို့မှာပါ ထပ်ပြီး ဆရာတွေ စုပေါင်းဆန္ဒပြမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌတစ်ဦး ဖြစ်တဲ့ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက The Voice ကို ယနေ့ (ဇန်နဝါရီ ၂၀ ရက်) မနက်ပိုင်းက ပြောပါတယ်၊၊
19-Jan-2017
အခွန်မပေးဆောင်သူနှင့် ပေးရန် ကျန်ရှိနေသည့်လုပ်ငန်းများကို အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဖော်ထုတ်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။