News

POST SECTION

LATEST NEWS POST

14-Aug-2017
ရွှေပြည်သာ စက်မှုဇုန်ရှိ အရက်ချက်စက်ရုံအချို့သည် စွန့်ထုတ်လျက်ရှိသော ရေဆိုးများကို ဇီဝရောဂါဆိုင်ရာ ကြိုတင်ကာကွယ်မှု နည်းလမ်းဖြင့် သန့်စင်မှု မလုပ်ထားသဖြင့် ဩဂုတ်လ ၁၅ ရက်တွင် နောက်ဆုံး သတ်မှတ်၍ စက်ရုံများ (ယာယီ) ပိတ်သိမ်းရန် စီစဉ်ထားပြီဖြစ်ကြောင်း ရွှေပြည်သာ စက်မှုဇုန်ရှိ စက်ရုံလုပ်ငန်းရှင်များက ပြောကြားသည်။
14-Aug-2017
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကဖြစ်သူ ဦးအောင်ရွှေဈာပနကို NLD ပါတီက အခမ်းအနားပြုလုပ် သြင်္ဂိုဟ်ရန် စီစဉ်နေကြောင်း ယင်းပါတီထံမှ သိရသည်။
14-Aug-2017
တပ်မတော်အနေနှင့် ဥပဒေနှင့်အညီ လုပ်ဆောင်ချက်များကို ဟန့်တားနှောင့်ယှက်သူ၊ ဥပဒေမဲ့ လုပ်ရပ်များကို လုပ်ကိုင်နေသူများနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေသူများ အပါအဝင် ငြိမ်းချမ်းရေးကို မလိုလားသူများကို ဥပဒေနှင့်အညီ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဆွေက လွှတ်တော်သို့ တင်ပြပြောကြားသည်။
14-Aug-2017
အရပ်သားအစိုးရ ပြောင်းလဲလာသည့်တိုင်အောင် အစိုးရကျောင်းများတွင် အာဏာရှင်ဆန်ဆန် သင်ကြား၊ သင်ယူမှုပုံစံ ရှိနေသေးကြောင်း ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ပြောကြားသည်။
14-Aug-2017
ဗင်နီဇွဲလား ပြည်တွင်းနိုင်ငံရေးပဋိပက္ခကို စစ်ရေးဖြင့် အရေးယူဆောင်ရွက်ရန် စဉ်းစားလျက်ရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောဆိုခဲ့မှုကို တောင်အမေရိက ကုန်သွယ်ရေးအဖွဲ့ကြီးဖြစ်သည့် မာကိုဆာက ကန့်ကွက်ရှုတ်ချလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
14-Aug-2017
မြိတ်ကျွန်းစုရေပြင်တွင် သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ကမ်းဝေးငါးဖမ်းရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကာ ရေလုပ်သား ၂ ဦး သေဆုံးခဲ့ရကြောင်း မြိတ်မြို့မရဲစခန်းနှင့် ယင်းလှေပေါ်ပါ ရေလုပ်သားများထံမှ သိရသည်။
14-Aug-2017
အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအရ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုရှိ အိမ်ခြေ ကိုးသောင်းကျော်ကို လျှပ်စစ်မီး ရရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
14-Aug-2017
စင်ကာပူက အသင်းလိုက်ရော တစ်ဦးချင်းပါ အားနည်းတယ်။ စိတ်ဓာတ်ပိုင်းလည်း အားနည်းတယ်။ မြန်မာအသင်းက စင်ကာပူထက် ကွင်းလယ်နဲ့ကစားပုံ ပိုကောင်းတယ်။ အဆုံးသတ်ကောင်းရင် နိုင်ဖို့မခက်ပါဘူး။ မြန်မာနိုင်မှာပါ။ အနည်းဆုံးနှစ်ဂိုး ရှိးမရှိပဲ။
14-Aug-2017
ကျွန်တော်တို့အသင်းကို ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အဓိက ပြင်ဆင်လာခဲ့တာ အခုဆို အသင့်ဖြစ်နေပါပြီ။ ဆီးဂိမ်းစ်မတိုင်မီမှာ အာရှ ယူ-၂၃ ချန်ပီယံရှစ်ပွဲတွေရော နိုင်ငံတကာ ခြေစမ်းပွဲတွေပါ ကစားလာခဲ့တယ်။ ယူ-၂၃ အသင်း အာရှခြေစစ်ပွဲမှာ သြစတြေးလျလို အသင်းကို အရေးနိမ့်ပြီး ခြေစစ်ပွဲ မအောင်ခဲ့တာကြောင့် ပရိသတ်တွေ အနေနဲ့ အပြည့်အဝ မပျော်ရွှင်ခဲ့ရဘူး။ ကျွန်တော်တို့အသင်း အနေနဲ့ ဒီတစ်ကြိမ်မှာ ပရိသတ်တွေ ပျော်ရွှင်စေဖို့ အဓိကထားပြီး ကြိုးစားသွားမှာပါ။ ပွဲဦးထွက် စင်ကာပူအသင်းနဲ့ ပွဲမှာလည်း ကျွန်တော်တို့ ခက်ခဲစွာနဲ့ ယှဉ်ပြိုင်ရမှာပါပဲ။ သူတို့အသင်းက နုပျိုပြီး စုဖွဲ့မှုကောင်းတဲ့ အသင်းကောင်း တစ်သင်းပါ။
14-Aug-2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး မိုင်းယုကျေးရွာတောင်ဘက် သစ်တောစိုက်ခင်း အမှတ် ၂/၂၀၀၀ ထင်းရှူးစိုက်ခင်းအတွင်း လက်လုပ်မိုင်းတစ်ခု တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
14-Aug-2017
ဗာဂျီးနီးယားပြည်နယ် ရှားလော့စ်ဗီးလ်တွင် လူဖြူလူမျိုးကြီးဝါဒီများနှင့် ဆန့်ကျင်သူများ အပြိုင်ဆန္ဒပြရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြ ထားသည်။
13-Aug-2017
မန္တလေးမြို့တော်ရှိ လူသွားလူလာ များသည့်နေရာများ၌ တောင်းရမ်းလျက်ရှိသည့် ကလေးငယ်များကို ရှောင်တခင် ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။
13-Aug-2017
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး ခန္တီးမြို့တွင် ယခုနှစ်အတွင်း ဒုတိယအကြိမ် ရေကြီးမှုကြောင့် အိမ်ထောင်စုပေါင်း ၁၄၀ ကျော် ရေလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်နေရကြောင်း ခန္တီးခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။
13-Aug-2017
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းတွင် တပ်မတော်နှင့် တအာင်း/ ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံ အရပ်သားတို့ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
13-Aug-2017
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်မြေနှင့်ထိစပ်လျက်ရှိသော ရခိုင်ပြည်နယ်မေယု တောင်တန်းတစ်လျှောက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဩဂုတ်လ ၁၀ ရက်နေ့၌ ညွှန်ကြားစာ ထုတ်ပြန်ခဲ့သည်။