News

POST SECTION

LATEST NEWS POST

16-Aug-2017
တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်းပေါ်တွင် ဩဂုတ်လ ၁၄ ရက် ည ၇ နာရီခွဲခန့်က တိမ်းမှောက်သည့် စက်ဘီးတစ်စီးကို မျက်နှာချင်းဆိုင် မောင်းနှင်လာသော ကိုယ်ပိုင်ယာဉ်တစ်စီးက ဝင်တိုက်ရာ စက်ဘီးစီးသူ အသက် ၄၈ နှစ်အရွယ် အမျိုးသား သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
16-Aug-2017
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်ရှိ ကျေးရွာ ၉၅ ရွာကို ပြည်ထောင်စုအစိုးရက လယ်ယာသုံး ပစ္စည်းများနှင့် ရိက္ခာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။
16-Aug-2017
ရိုက်တာသတင်းဌာနက YBS အကြောင်း ရေးသားထားသည့် သတင်း ဆောင်းပါးနှင့်ပတ်သက်၍ အရေးယူပေးရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီထံသို့ တိုင်ကြားစာ တစ်စောင်ကို ဩဂုတ်လ ၁၄ ရက်က အီးမေးလ်ဖြင့် ပေးပို့တိုင်ကြားခဲ့ကြောင်း ကောင်စီ အဖွဲ့ဝင်များထံမှ သိရသည်။
15-Aug-2017
စစ်ကိုင်းတိုင်း ခန္တီးမြို့တွင် ဩဂုတ်လ ၁၅ ရက်က ရောက်ရှိသော ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်မှာ ယခုနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးချစ်ထွေးထွန်းက ပြောကြားသည်။
15-Aug-2017
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အထူးပြုစု စောင့်ရှောက်မှု လိုအပ်နေသော အော်တစ်ဇင် ကလေးများအတွက် ပြုစုစောင့်ရှောက်ရေး စင်တာကို စက်တင်ဘာလမှ ၄ ရက်မှ စတင်ကာ ယာယီဖွင့်လှစ်မည်ဖြစ်ကြောင်း ကျောင်းဖွင့်လှစ်နိုင်ရေး ကော်မတီအဖွဲ့ထံမှ သိရသည်။
15-Aug-2017
လှိုင်သာယာမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ ပဲခူးလမ်းနှင့်အနော်ရထာလမ်းထောင့်တွင် ဩဂုတ်လ ၁၃ ရက် ည ၉ နာရီခန့်က ရန်ဖြစ်နေသူများကို ဝင်ရောက် ဖျန်ဖြေသည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ရိုက်နှက်ခံရကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
15-Aug-2017
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ကျေးရွာများတွင် စပ်ဆေးအန္တရာယ်နှင့် ပတ်သက်၍ ပညာပေး လုပ်ငန်းများကို နှစ်ဆတိုး၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။
15-Aug-2017
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ အလုံဈေးသစ် တည်ဆောက်မှုနှင့်ပတ်သက်ပြီး စည်ပင်သာယာရေး ကော်မတီနှင့် ဈေးသူဈေးသားများ ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။
15-Aug-2017
မန္တလေးမြို့တော် ဧရိယာအတွင်း ယခင်က မြေကွက်ကြီးများကိုသာ မြေဂရန် လျှောက်ထားခွင့်ပြုရာမှ ယခုအခါ စတုရန်းပေ ၁၂၀ဝ အောက် မြေကွက်ငယ်များကိုပါ မြေဂရန် လျှောက်ထားခွင့် ပေးထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှု ဌာနထံမှ သိရသည်။
15-Aug-2017
လတ်တလောဖြစ်ပွားနေသည့် ရာသီတုပ်ကွေး H1N1 ရောဂါကြောင့်သေဆုံးသူ ၂၅ ဦးရှိလာပြီး ပိုးတွေ့လူနာ နေ့စဉ် တိုးလာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
15-Aug-2017
တရုတ်အထည်ချုပ် လုပ်ငန်းအချို့သည် နယ်စပ်တစ်ဖက်ခြမ်းရှိ မြောက်ကိုရီးယား စက်ရုံများတွင် လုပ်သားဈေးချိုမှုကို အခွင့်ကောင်းယူ အသုံးချမှု မြင့်တက်လာနေကြောင်း နယ်စပ်မြို့ တန်တုံရှိ ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းများက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
15-Aug-2017
အစိုးရအနေနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်သည့်နေရာများကို ဦးစားပေး ဆောင်ရွက်ရသောကြောင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရန် အလှူရှင်များကိုသာ အားထားနေရကြောင်း မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
15-Aug-2017
မြိတ်ဈေးကွက်တွင် သြဂုတ်လ ၉ ရက်မှစပြီး ကြက်သားကြက်ဥများ ပြန်လည် ရောင်းချခွင့်ပြုခဲ့သော်လည်း ဈေးနှုန်းနှင့် ရောင်းအား ကျဆင်းနေဆဲဖြစ်ကြောင်း ကြက်ဥကြက်သား ဈေးကွက်မှ သိရသည်။
15-Aug-2017
တွံတေး-လှိုင်သာယာကားလမ်းရှိ ပန်းလှိုင်တံတားတိုးဂိတ်မှ ဝန်ထမ်းကို NLD ပါတီဝင်တစ်ဦးက ပါးရိုက်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက The Voice သို့ ပြောကြားသည်။
15-Aug-2017
ပြည်ပပို့ အသီးအနှံ ၁၆ မျိုးအတွက် GAP (Good Agricultural Practice) အသိအမှတ်ပြု လက်မှတ်များကို စိုက်ပျိုးရေးဌာနက ထုတ်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။