News

POST SECTION

LATEST NEWS POST

07-Aug-2017
မြေယာကိစ္စနှင့်ပတ်သက်ပြီး ကျပ်သိန်းထောင်ချီ အဂတိ လိုက်စားမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသည့် ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ပြည်ထဲရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများ ပါဝင်သည့် ငါးဦးကို ယနေ့ (ဩဂုတ်လ ၇ ရက်) ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ရုံးထုတ်ခဲ့ပြီး ချုပ်ရမန် ယူခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
07-Aug-2017
သန်လျင်မြို့နယ်၊ မြို့မရပ်ကွက်၊ သိမ်ကျောင်းလမ်းရှိ ဆိုင်ကယ် အရာင်းဆိုင်တစ်ခုတွင် အနီးတွင် ဩဂုတ်လ ၆ ရက် နံနက် ၁၀ နာရီခန့်က ခင်ပွန်းဖြစ်သူနှင့် စကားများ ရန်ဖြစ်သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှိုခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
07-Aug-2017
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အိမ်ဖြူတော်အရောက် ပို့ဆောင်ပေးခဲ့ကြသည့် မဲဆန္ဒရှင်များ၏ ထောက်ခံမှုနှုန်းမှာ အစိုးရသက်တမ်း ခြောက်လခန့်အကြာတွင် ကျဆင်းကာ လက်ပန်းကျလာကြပုံရသည်ဟု Newsweek တွင် ဖော်ပြထားသည်။
07-Aug-2017
မရမ်းကုန်းမြို့နယ်၊ ကိုးမိုင် Ocean Center အရှေ့ရှိ Farmer Money Changer ဆိုင်တွင် သေနတ် ပစ်ဖောက်ခဲ့သူတို့၏ အသုံးဆောင်ပစ္စည်းနှင့် ကျည်ဆံအချို့ကို ပြည်လမ်းနှင့် အင်းလျားလမ်းထောင့်၊ ကန်ပေါင်ရှိ အမှိုက်ပုံးအတွင်းမှ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
07-Aug-2017
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ရှစ်လတာကာလအတွင်း ဗီဇာစည်းကမ်း ဖောက်ဖျက်မှု အပါအဝင် လ.ဝ.က ဥပဒေတို့ဖြင့် ငြိစွန်းခဲ့ခြင်းကြောင့် အမည်ပျက်စာရင်း သွင်းထားသော နိုင်ငံခြားသား အရေအတွက် ၁၀ဝ ကျော် ရှိနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနထံမှ သိရသည်။
07-Aug-2017
အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်လာသော ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အများကြီး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (သြဂုတ်လ ၇ ရက်) တွင် ပြောကြားသည်။
07-Aug-2017
နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များ ပြုလုပ်နေသည့် ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံအပေါ် အပြင်းထန်ဆုံးသော ဒဏ်ခတ်အရေးယူမှုသစ်များ ချမှတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယမန်နေ့က သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
06-Aug-2017
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သော ဘူးသီးတောင်၊ မောင်တောနယ်မြေရှိ ဒေသခံပြည်သူများကို ပြည်သူ့စစ်အသွင် ဖွဲ့စည်းပေးရန် ရခိုင်တိုင်းရင်းသားများက ဩဂုတ်လ ၆ ရက်နေ့တွင် ပြည်ထောင်စု အစိုးရထံ တောင်းဆိုလိုက်သည်။
06-Aug-2017
H1N1 ရာသီတုပ်ကွေးနှင့် H5N1 (ကြက်ငှက်တုပ်ကွေးရောဂါ)ဖြစ်ပေါ်နေခြင်းကြောင့် ပြည်မြို့တွင် တစ်ပတ်အတွင်း ကြက်ဥဝယ်ယူသူ နည်းပါးသွားပြီး ကြက်ဥဈေးသည် သုံးပုံတစ်ပုံခန့် ဈေးထိုးကျသွားပြီး တစ်လုံးကို ကျပ် ၄၀ ခန့်အထိဖြစ်ကြောင်း၊ ပြည်မြို့ ကြက်ဥ၊ ကြက်သား ရောင်းဝယ်ရေး လုပ်ကိုင်သူများက ပြောကြားသည်။
06-Aug-2017
လှိုင်သာယာမြို့နယ်၊ တံတားဖြူ မှတ်တိုင်အနီးရှိ KTV ဆိုင်တစ်ခုတွင် ဩဂုတ်လ ၄ ရက် ညပိုင်းက အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ရာ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
06-Aug-2017
ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့ ပြည်သူ့ဆေးရုံမှ H1N1 ရောဂါ တွေ့ရှိသူ အသက် ၆၂ နှစ်အရွယ် အမျိုးသားမှာ ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်းကုသစဉ် ဩဂုတ်လ ၆ ရက် နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။
06-Aug-2017
ဟောလိဝုဒ်ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးရန် ရိုက်ကွင်းရွေးချယ်ပွဲသို့ မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ဝင်ရောက် ရွေးချယ်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မေသက်မွန်က ပြောကြားသည်။
06-Aug-2017
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာတွင် ယနေ့(သြဂုတ်လ ၆ ရက်) နံနက် ၄ နာရီခန့်က မြေပြိုကျရာမှ အိပ်ပျော်နေသည့် သားအမိနှစ်ဦး သေဆုံးခဲ့ကြောင်း နမ့်ခမ်းရဲစခန်းထံမှ သိရှိရသည်။
06-Aug-2017
ဆရာခန့်ထားရေးစနစ် ပွင့်လင်းမြင်သာရန်နှင့် ဆရာအတတ်ပညာဘွဲ့ရ ကျောင်းသားများ အမြန်ဆုံး အလုပ်ခန့်ထားရေး တောင်းဆိုချက်များနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေနှင့် တစ်စုံတစ်ရာ တုံ့ပြန်မည် မဟုတ်ကြောင်း ယနေ့( သြဂုတ်လ ၆ ရက်) နေ့လယ်ပိုင်းအထိ The Voice ကို ပြောဆိုခဲ့သော်လည်း ညနေပိုင်းတွင် ကျောင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဟု အကြောင်း ပြန်ကြားခဲ့သည်။
06-Aug-2017
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယရွှေဥမင်ဒေသကို သတ်မှတ်နိုင်ခဲ့ရာ ယနေ့ (သြဂုတ်လ ၆ရက်)တွင် ရွှေဥမင်ဘုရားပရဝဏ်အတွင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ပင်းတယမြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောကြားသည်။