News

POST SECTION

LATEST NEWS POST

18-Aug-2017
ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့၊ ဉာဏ်ရည်မြင့်မားဖို့ဆိုတာ မွေးကင်းစ အရွယ်ကစပြီး စနစ်တကျ ကျွေးမွေးတာကအစ အရေးကြီးပါတယ်။ ကလေးကို မွေးကင်းစကနေ အသက်ခြောက်လအထိ မိခင်နို့ရည်တစ်မျိုးတည်းကိုပဲ တိုက်ကျွေးရပါမယ်။ အသက်ခြောက်လပြည့်တဲ့အခါ မိခင်နို့ရည် တစ်မျိုးတည်းနဲ့ မလုံလောက်တော့တဲ့အတွက် အစားအစာတွေကို စတင်မိတ်ဆက်ပြီး ဖြည့်စွက်စာအနေနဲ့ ကျွေးမွေးရပါမယ်။ ဖြည့်စွက်စာကျွေးတဲ့အခါ အာဟာရ စုံစုံလင်လင် ချက်ပြုတ်ကျွေးတတ်ဖို့ အရေးကြီးတဲ့အတွက် ဖြည့်စွက်စာ ချက်ပြုတ်ပြင်ဆင်နည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
18-Aug-2017
မိုးရာသီ မြန်မာ့ရိုးရာ အစားအသောက် ဈေးရောင်းပွဲတော်ကို သြဂုတ်လ ၂၆ ရက် နေ့မှ ၂၇ ရက်နေ့အထိ ဒဂုံမြို့နယ် ခရေပင်လမ်းရှိ ပဒုမ္မာစားသောက်ဆိုင်တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းစားသောက်ဆိုင်ထံမှ သိရသည်။
18-Aug-2017
ပြည်တွင်းဈေးကွက်သို့ နိုင်ငံတကာမှ စားသောက်ဆိုင် အများအပြား ဝင်ရောက်လာပြီဖြစ်၍ ပြည်တွင်းလုပ်ငန်းများ အနေနှင့် အရသာနှင့် သန့်ရှင်းမှုအပိုင်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက ပြောကြားသည်။
18-Aug-2017
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ဘာစီလိုနာမြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တဲ့အပြင် ဘက်တစ်နဲ့ ယှဉ်ပြိုင်ရမယ့် လာလီဂါ ရာသီဖွင့်ပွဲစဉ်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင် လက်ပတ်တွေပါ ဝတ်ဆင်ကစားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။
18-Aug-2017
ကရင်ပြည်နယ်တွင် ဇူလိုင်လမှ သြဂုတ်လအထိ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာသော လူနာများကို စစ်ဆေးရာ သံသယရှိသူ ၁၁ ဦးအနက် ၆ ဦးမှာ ရာသီတုပ်ကွေး (H1N1) ဖြစ်ပွားနေကြောင်း ကရင်ပြည်နယ် ကျန်းမားရေး ဦးစီးဌာနထံမှ သိရသည်။
18-Aug-2017
ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းနှင့် ဗားကရာလမ်းမီးပွိုင့်ရှိ ယာဉ်ထိန်းရဲရုံးအား လက်သီးနဲ့ထိုး၊ M 150 အချိုရည် ပုလင်းဖြင့် ပစ်ခွဲသူကို ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
18-Aug-2017
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင် ရှိသော သက်တမ်းနှစ် ၂၀ ကျော်ရှိ သီရိမင်္ဂလာဈေးဟောင်းကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ကာ ယင်းနေရာတွင် ဖွင့်လှစ်ထားသည့် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းကို သြဂုတ်လ ၁၇ ရက်က စတင်ပိတ်သိမ်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
18-Aug-2017
ပစိဖိတ်ဒေသရှိ အမေရိကန် နယ်နိမိတ်တစ်ခု ဖြစ်သော ဂူအမ်ကျွန်းကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မည့် အစီအစဉ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားဘက်က စတင်တိုက်ခိုက်မည် မဟုတ်ဟု ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက ဆုံးဖြတ်ခဲ့ခြင်းသည် အသိဉာဏ်အမြော်အမြင် ရှိသော ဆုံးဖြတ်ချက် ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချီးမွမ်းပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
18-Aug-2017
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါထောင်တွင် မတရားသင်း ဥပဒေပုဒ်မနှင့် အဖမ်းခံထားရသော သတင်းထောက် ၃ ဦး အပါအဝင် ၆ ဦးအမှုတွင် အာမခံ လျှောက်ထားချက်ကို သီပေါမြို့နယ် တရားရုံးက ထပ်မံပယ်ချလိုက်သည်။
18-Aug-2017
မော်တော်ယာဉ်၊ ဆိုင်ကယ် အစရှိသည့် ယာဉ်နှင့် ပတ်သက်သည့် ကညန လုပ်ငန်းများအတွက် ကျသင့်ငွေထက် ငွေကြေးပိုမို တောင်းခံပါက တိုင်းဦးစီးမှူးထံ တိုင်ကြားနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) တိုင်းဒေသကြီး ဦးစီးမှူးက ပြောကြားသည်။
18-Aug-2017
မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဒေသတွင်း တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာသည့် ကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည့်အဖွဲ့နှင့် တပ်မတော် အမှတ် (၄) စစ်ဆေးရေးအထူးအဖွဲ့မှူး (ကစထမှူး) ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။
18-Aug-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာတွင် ဥရုချောင်း ရေမြင့်တက်ခဲ့ပြီး ကျေးရွာအတွင်းရှိ တိုက်နယ်ဆေးရုံတွင် ရေဝင်ရောက်ခဲ့ရာ လူနာများကို ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးရန် စီစဉ်ထားကြောင်း နမ့်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနေဝင်းက ပြောကြားသည်။
18-Aug-2017
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပုသိမ်ကြီးမြို့မ ရဲစခန်းမှ ဒုရဲအုပ် သိန်းထက်နိုင် (ယခု ရဲအုပ်) ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားရုံးတွင် တရားစွဲဆို အရေးယူလိုက်ကြောင်း အဆိုပါ ကော်မရှင်က သြဂုတ်လ ၁၇ ရက်၌ ထုတ်ပြန်လိုက်သည်။
18-Aug-2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေကို ဒီမိုကရေစီအတွက် အမြဲတမ်းရပ်တည်ခဲ့သူ တစ်ဦးဟု ယနေ့ ဈာပနအခမ်းအနားတွင် ချီးကျူးဂုဏ်ပြု ပြောကြားလိုက်သည်။
18-Aug-2017
မြန်မာအမျိုးသမီးအသင်း အပြန်နောက်ကျအောင် တမင်လုပ်တဲ့အတွက် Shame on you Malaysia ဆိုပြီး ပို့စ်တွေချက်ခြင်းတက်လာတာ တွေ့ရတယ်။ ဒီရက်ထဲ မလးဆီးဂိမ်းကျင်းပရေးကော်မတီက ဒုတိယတန်းအဆင့်ရှိ ကွင်းတွေမှာ ကစားစေတာ၊ ရုပ်သံရိုက်ကူးထုတ်လွှင့် မပေးနိုင်တာ၊ မြန်မာပရိသတ်အတွက် လက်မှတ် အလုံအလောက် ရောင်းမပေးတာတွေကြောင့် အွန်လိုင်းပေါ်မှာလည်း ပေါက်ကွဲနေကြတဲ့သူတွကို တွေ့နေရတယ်။