News

POST SECTION

LATEST NEWS POST

17-Aug-2017
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ယနေ့(သြဂုတ်လ ၁၇ ရက်)မှစတင်၍ မြစ်ရေကြီးမှှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်းများ ရေနစ်မြုပ်လျက်ရှိကြောင်း သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
17-Aug-2017
ကမ္ဘာလှည့်ခရီးသွား လာရောက် လည်ပတ်မှုများသည့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ မြို့တွင်းလမ်းများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရှိရသည်။
17-Aug-2017
မန္တလေးမြို့တော်တွင် တောင်းရမ်းစားသောက်နေသော ကလေးငယ်များ ပပျောက်ရေးအတွက် စီမံချက်ဖြင့် ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း မန္တလးတိုင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။
17-Aug-2017
၂၀၁၆ ခုနှစ်အတွင်း ဘာသာရေး လွတ်လပ်ခွင့် ကျင့်သုံးခြင်း မရှိသဖြင့် ဆော်ဒီအာရေးဗီးယားနှင့် ဘာရိန်းအပါအဝင် မဟာမိတ်များကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တေလာဆန်က ဝေဖန်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
17-Aug-2017
စမ်းချောင်းမြို့နယ်ရှိ g & g စတိုးဆိုင်အတွင်း ဝင်ရောက် လုယက်ရာမှ ဖမ်းမိသည့်အဖွဲ့ကို အခြား g & g စတိုးဆိုင်များတွင် လုယက်မှုများ ထပ်မံ ပေါ်ပေါက်သဖြင့် သက်ဆိုင်ရာ ရဲစခန်းများက အသီးသီး အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
17-Aug-2017
နိုင်ငံတကာ လေကြောင်းလိုင်းများ အဓိက ဆင်းသက်ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကမ္ဘာလှည့် ခရီးသွားများထံမှ ဆယ်ဒေါ်လာ ကောက်ခံမည့် အစီအစဉ်မှာ ခရီးသွား ဝင်ရောက်မှု လျော့နည်းနိုင်မည် ဖြစ်သဖြင့် သဘောမတွေ့ကြောင်း ခရီးသွား လုပ်ငန်းရှင်များက ပြောကြားသည်။
17-Aug-2017
ဖေ့စ်ဘွတ်ခ်ပေါ် ကြည့်လိုက်တော့လည်း မြန်မာပြည် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အားပေးနေကြတဲ့ ပရိသတ်ကြီးက မြို့တော်ခန်းမရှေ့မှာရော မနောရမ္မံကွင်းမှာပါ ကြောက်ခမန်းလိလိ။ ဒါတောင် တီဗီ Live မဟုတ်သေး။ Facebook Live ကို ယူလွှင့်တာ။ မြန်မာက ၃၆ မိနစ်မှာ အောင်သူ အဖွင့်ဂိုး စသွင်းတယ်။ တစ်ကွင်းလုံး ဆူညံသွားတယ်။ ဂိုးသွင်းအပြီးမှာ ဘောလုံးသမားတွေဟာ ဟိုး ကွင်းအပြင်ဘက်ကုန်းပေါ်မှာ ထိုင်အားပေးနေကြတဲ့ (ကွင်းထဲ ဝင်ခွင့်မရကြရှာတဲ့) မြန်မာပရိသတ်ရှိရာကို သွားပြီး နှုတ်ဆက်အောင်ပွဲခံကြတယ်။
17-Aug-2017
နိုင်ငံတော် သံဃမဟာနာယက (မဟန) ဆရာတော်ကြီးများ၏ လုံခြုံရေး အခြေအနေများကြောင့် ပြည်ပခရီးစဉ်များ၌ နှစ်နိုင်ငံအစိုးရ၏ ခွင့်ပြုချက်ရမှသာ ပြည်ပခရီးသွားရောက်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လျှောက်ထားလွှာ ထုတ်ပြန်ခဲ့သည်။
17-Aug-2017
မုံရွာပြည်သူ့ဆေးရုံကြီးတွင် H1N1 ဖြင့် တက်ရောက်ကုသနေသည့် နည်းပညာတက္ကသိုလ် ကျောင်းသူသည် ရောဂါမှာ သက်သာပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း မုံရွာပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးငြိမ်းက ပြောကြားသည်။
17-Aug-2017
ဘာစီလိုနာအသင်း အထွေထွေမန်နေဂျာ ပက်ပ်ဆီဂူရာသည် အသင်းအနေနှင့် လီဗာပူး တိုက်စစ်တောင်ပံကစားသမား ကော်တင်ညိုနှင့် ဒေါ့မွန်တိုက်စစ်မှူး ဒမ်ဘီလီတို့ကို ခေါ်ယူရရှိရန် လွန်စွာနီးစပ်နေပြီ ဖြစ်ကြောင်း အတည်ပြု အသိပေးလိုက်ပြီ ဖြစ်သည်။
17-Aug-2017
အက်သလက်တီကိုအသင်းသည် ချယ်လ်ဆီးအသင်းက ဒီယေဂိုကော်စတာကို အသင်းထံသို့ လာရောက်ပူးပေါင်း၍ လေ့ကျင့်ရေးဆင်းရန် ပျက်ကွက်နေမှုများအတွက် ဒဏ်ကြေးငွေ တပ်ရိုက်လျက် ရှိသည်ကို ကစားသမားဖြစ်သူ၏ ကိုယ်စား ၎င်းတို့ဘက်က အကုန်အကျခံ ပေးဆောင်သွားရန် စီစဉ်လိုက်ပြီ ဖြစ်သည်။
17-Aug-2017
ဝက်စ်ဘရွန်းအသင်းသည် ၎င်းတို့၏ နောက်ခံကစားသမား ဂျွန်နီအီဗန်စ်ကို ခေါ်ယူရန် မန်စီးတီးက ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၁၈ သန်းဖြင့် အံ့သြသင့်ဖွယ် ကမ်းလှမ်းဆက်သွယ်လာခဲ့သည်ကို ချက်ချင်းပင် ငြင်းဆန်ပယ်ချပစ်လိုက်သည်။
17-Aug-2017
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် လက်ဆောင်ကွင်းကျေးရွာအနီး လက်ဆောင်ကွင်းမြစ်အတွင်း သြဂုတ်လ ၁၆ ရက် ညနေပိုင်းက ကျောင်းသား၊ ကျောင်းသူ ၁၇ ဦး လိုက်ပါလာသော ကျောင်းကြို/ပို့ ပဲ့ထောင်စက်လှေ တိမ်းမှောက်၍ ကျောင်းသားနှစ်ဦးနှင့် စက်လှေမောင်းသူတို့ ပျောက်ဆုံးနေသည်။
17-Aug-2017
မူးယစ်ဆေးဝါး သုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သာ ကျခံစေရန် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည်။
17-Aug-2017
ကန့်ကွက်ဆန္ဒပြသူတစ်ဦး သေဆုံးပြီး လူအချို့ ထိခိုက်ဒဏ်ရာရခဲ့သော ဗာဂျီးနီးယားပြည်နယ် ရှားလော့စ်ဗီးလ်မှ မငြိမ်မသက်မှုများနှင့် ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်က နှစ်ဖက်စလုံးကို ထပ်မံအပြစ်တင်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။