News

POST SECTION

LATEST NEWS POST

10-Sep-2017
ဆေးတက္ကသိုလ် တက်ရသည့် အကြောင်းအရင်းမှာ ရွေးချယ်စရာ နည်းပါးခြင်းကြောင့်ဟု အလုပ်သင်ဆရာဝန် အများစုက ဖြေဆိုခဲ့ကြောင်း စစ်တမ်းကောက်ယူခဲ့သည့် မန္တလေးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ စစ်တမ်းကောက်ယူရေး ကော်မတီခေါင်းဆောင် ဒေါက်တာထက်ပိုင်ဦးက The Voice သို့ ပြောကြားသည်။
10-Sep-2017
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် မြန်မာ့အရေးကိစ္စများ ကိုင်တွယ်ဖြေရှင်းရာတွင် ဘက်လိုက်မှုများ ရှိနေခြင်းကြောင့် ၎င်းကို ရာထူးမှ ဖယ်ရှားနိုင်ရေးအတွက် အာရှလူ့အခွင့်အရေးဆိုင်ရာစင်တာ (ACHR) က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌကို တိုက်တွန်းလိုက်သည်။
10-Sep-2017
ရခိုင်ပြည်နယ်၊ ကျောက်တော်မှတစ်ဆင့် ပွဲစားခပေး၍ ရန်ကုန်သို့ ခိုးဝင်လာသော ဘင်္ဂါလီ အမျိုးသားလေးဦးကို စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
10-Sep-2017
ချင်းပြည်နယ် မင်းတပ်မြို့တွင် မြို့ခံလူငယ်များ စုပေါင်း၍ မြို့နယ်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူလုံခြုံရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ဆလိုင်းရှယ်အောင်က ပြောကြားသည်။
10-Sep-2017
အချက်အလက်များ ပုံပျက်အောင် လုပ်ဆောင်သည်ဟု စွပ်စွဲလိုက်ပြီး ကာတာနှင့် ဆွေးနွေးမှုများ အားလုံးကို ဆိုင်းငံ့ထားမည်ဟု ဆော်ဒီအာရေဗီးယားနိုင်ငံက ထုတ်ပြန်ထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
09-Sep-2017
မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းဘေးရှိ ဝါယာလက် အထည်ချုပ်စက်ရုံရှေ့တွင် စက်တင်ဘာလ ၉ ရက် နံနက် ၃ နာရီဝန်းကျင်က ရန်ပွဲဝင်ထိန်းသည့် တပ်မတော်မှ အသက် ၃၀ ဝန်းကျင် ဒုတပ်ကြပ်တစ်ဦး ဓားဖြင့်ထိုးသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
09-Sep-2017
တနိုင်းရှိ စစ်ဘေးရှောင်စခန်းများ နေရပ်ပြန်နိုင်ရေးအတွက် ဘာသာရေး ခေါင်းဆောင်များနှင့် တပ်မတော်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများအပြီး ၎င်းတို့နေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်မှ မိုင်းရှင်းလင်းရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။
09-Sep-2017
မလေးရှားနိုင်ငံသို့ သီးသန့် စေလွှတ်နေသည့် အေဂျင်စီ ၅၀ ခန့် လုပ်ငန်းရပ်ဆိုင်းဖွယ်ရာ ကြုံတွေ့နေရသောကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ စက်တင်ဘာ ဒုတိယအပတ်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုများ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။
09-Sep-2017
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးတီခွန်မြတ်သည် ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အဆိုပါပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက The Voice သို့ ပြောကြားသည်။
09-Sep-2017
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက် တိုက်ခိုက်မှုများအတွက် ကန့်ကွက်ရှုတ်ချသည့် ဟောပြောပွဲတစ်ရပ်ကို ကရင်ပြည်နယ် ဘားအံတွင် စက်တင်ဘာလ ၁၀ ရက်နေ့၌ ပြုလုပ်သွားမည်ဖြစ်ပြီး မစိုးရိမ်တိုက်ကျောင်းဆရာတော် ဦးဝီရသူက ဦးဆောင် ဟောပြောသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ထံမှ သိရသည်။
09-Sep-2017
ရန်ကုန်အပါအဝင် မြို့ကြီးများတွင် အကြမ်းဖက် တိုက်ခိုက်မည့် မသင်္ကာမှုများကြောင့် လူစည်ကားသော နေရာများနှင့် ရွှေတိဂုံဘုရားတို့တွင် လုံခြုံရေးကဏ္ဍ အဆင့်မြှင့်တင်ထားကြောင်း အမှတ် (၂) လုံခြုံရေး ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြဝင်းက ပြောကြားသည်။
09-Sep-2017
မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ထွက်ရှိမည့် ရော်ဘာများကို အရည်အသွေးမြင့် ရော်ဘာများ ရရှိစေရန်အတွက် သန့်စင်မှိုင်းခံရော်ဘာပြားစက်ရုံ ၃ဝ ခန့်ကို တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
09-Sep-2017
မန္တလေးမြို့ရှိ ကြက်ဥ ကြက်သားထုတ်လုပ်သူများက အပတ်စဉ် စနေနေ့တိုင်း စားသုံးသူများထံ တိုက်ရိုက် ရောင်းချပေးမည့် အစီအစဉ်ကို စက်တင်ဘာလ ၉ ရက်နေ့က စတင်လိုက်သည်။
09-Sep-2017
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း အကောင်အထည် ဖော်နေသော သီလဝါ အထူးစီးပွားရေးဇုန်ကို တည်ဆောက်နေသည့် မြန်မာသီလဝါ အထူးစီးပွားရေး အများပိုင်ကုမ္ပဏီ (MTSH) က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးတွင် တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
09-Sep-2017
ပင်လယ်ရေကြောင်းဘက်မှ တင်ပို့မှုများစွာ ရှိနေသည့်အတွက် ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏသည် ဆယ်စုနှစ်တာ ကာလများအတွင်း အများဆုံးအဖြစ် စံချိန်တင် ပမာဏတစ်ခုသို့ ရောက်ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဆန်ကုန်သည်ကြီးများက ပြောကြားသည်။