News

POST SECTION

LATEST NEWS POST

06-Aug-2017
တာမွေမြို့နယ်၊ ဗညားဒလလမ်းရှိ အ.ထ.က (၁၀) ကျောင်းဝင်းတွင် သြဂုတ်လ ၄ ရက် နံနက် ၁ နာရီခန့်က မူးယစ်ဆေးဝါး ရောင်းချနေသူဟု သတင်းရရှိထားသည့် ကျောင်းစောင့်ကို ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
06-Aug-2017
ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသော အကြမ်းဖက် ဖြစ်စဉ်များအပေါ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အပြည့်အဝ ဆောင်ရွက်နေကြောင်း အမျိုးသား လုံခြုံရေးနှင့် အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက The Voice သို့ ပြောကြားသည်။
06-Aug-2017
ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူ ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပလျက်ရှိသည့် ကမ္ဘာ့ငြိမ်းချမ်းရေး ညီညွှတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဘာသာ ပေါင်းစုံ ညီလာခံသို့ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ဘာသာရေး ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးလျက်ရှိသည်။
06-Aug-2017
ပဲခူးတိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေး H1N1 ကူးစက်ခံရသူမှာ ၁၇ ဦးအထိရှိလာပြီး သုံးဦး သေဆုံးခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ခရိုင်ဌာနမှူး ဒေါက်တာအေးသိန်းက ပြောကြားသည်။
06-Aug-2017
ဒီမိုကရေစီရရှိရန် တိုက်ပွဲဝင်ခဲ့ကြသည့် ၈ လေးလုံး အရေးတော်ပုံ အပါအဝင် ပြည်သူလူထု၏ ပေးဆပ်မှုကို မှတ်တမ်း မတင်သရွေ့ အမျိုးသား ရင်ကြားစေ့ရေးကို ဆောင်ရွက်၍ မရနိုင်ဟု ၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးမြအေးက ပြောကြားလိုက်သည်။
05-Aug-2017
တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့တွင် ဩဂုတ်လ ၅ ရက် နံနက်က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မြိတ် တောင်၊ အောင်မင်္ဂလာ၊ ရာပြည့်၊ ပါရမီ၊ ရွှေပြည်တန်၊ ကန်ဖျားမြေနီလမ်းနှင့် တပ်ပြင်ရပ်ကွက်တို့ရှိ မြေနိမ့်ပိုင်းနေအိမ် အချို့နှင့် လမ်းမများပေါ်သို့ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
05-Aug-2017
ကျန်းမာရေး တိုးတက်လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို ဩဂုတ်လအတွင်း ဆေးရုံဆင်းခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောကြားသည်။
05-Aug-2017
မူးယစ်ဆေးစွဲလူနာများ ရောဂါကုသရေးအတွက် ဝန်ဆောင်မှု ပေးနိုင်မည့် ဆေးကုသရေးဌာနနှင့် ပြန်လည်ထူထောင်ရေးစခန်းများကို ပြည်နယ်နှင့် တိုင်းအချို့တွင် တိုးချဲ့ဖွင့်လှစ်ရန် ဝန်ကြီး ဌာနသုံးခုက ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။
05-Aug-2017
မြန်မာနိုင်ငံအတွင်းရှိ သဘာဝနယ်မြေများတွင် သဘာဝ အခြေခံခရီးသွား လုပ်ငန်းများ (Eco-resort) ဆောင်ရွက်ရန် လျှောက်ထားပါက ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပြုမည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောကြားသည်။
05-Aug-2017
ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ကြေးသွန်း ဘုရားကြီးရှေ့တွင် သပိတ်စခန်းဖွင့်သူများကို သြဂုတ်လ ၄ ရက် မွန်းလွဲပိုင်းက ယင်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Aug-2017
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျချောင်းရေကြောင့် ပျက်စီးသွားသော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဘေလီတံတား နှစ်စင်းကို စတင် ပြုပြင်နေပြီဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းဦးစီးဌာနထံမှ သိရှိရသည်။
05-Aug-2017
သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းနှင့် ပျဉ်းမမြိုင်လမ်းထောင့့်ရှိ စုပေါင်းမှတ်တိုင်တွင် ယနေ့ (သြဂုတ်လ ၅ ရက်) နံနက် ၈ နာရီခွဲက ရန်ကုန်သို့ ခိုးဝင်လာသည့် ဘင်္ဂါလီအမျိုးသား နှစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Aug-2017
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာအုပ်စု အုန်းတကူးကျေးရွာအနီးတွင် ပြောက်ကျားဝတ်စုံများ ဝတ်ဆင်ထားပြီး လက်နက်ကိုင်ဆောင်သူများ ဝင်ရောက်လာသည်ကို တွေ့ရှိရကြောင်း အမျိုးသမီးတစ်ဦး၏ အဆိုအရ တပ်မတော် စစ်ကြောင်းနှစ်ခုက လိုက်လံရှာဖွေခဲ့ရာ ပြောက်ကျားဝတ်စုံများ ဝတ်ထားပြီး အလုပ်လာလုပ်သည့် လီဆူတိုင်းရင်းသားများ ဖြစ်နေကြောင်း ကျောက်ကြီးကျေးရွာ၊ အမှတ် (၁) သိပ္ပံနည်းပညာတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
05-Aug-2017
ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားအနီးရှိ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို ယနေ့(သြဂုတ်လ ၅ ရက်) ညနေပိုင်းတွင် သပိတ်ဦးဆောင်သူများ၏ ၎င်းတို့၏ သဘောဆန္ဒအလျောက် ယာယီ ပိတ်သိမ်းခဲ့သည်။
05-Aug-2017
တောင်းဆိုချက်များနှင့် ပတ်သက်၍ မတွေ့ဆုံနိုင်ကြောင်း ပညာရေးဝန်ကြီးက ငြင်းပယ်ပြီးနောက် ဆရာအတတ်သင် ကျောင်းသားများက သြဂုတ်လ ၆ ရက်တွင် ရန်ကုန်နှင့် မန္တလေး၌ တစ်ပြိုင်တည်း ဆန္ဒပြမည် ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ကော်မတီထံမှ သိရှိရသည်။