24-Nov-2019
တောင်ကိုရီးယားသမ္မတ မစ္စတာမွန်ဂျေအင်း၏ ဖိတ်ကြားချက်အရ အာဆီယံ-ကိုရီးယားဆွေးနွေးဖက် နှစ် ၃၀ ပြည့်ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင် -ကိုရီးယားထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀ နာရီ ကျော်က နေပြည်တော်မှ ထွက်ခွာခဲ့ရာ ဘူဆန်မြို့သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၅ မိနစ်တွင် ရောက်ရှိကြသည်။