News

POST SECTION

LATEST NEWS POST

27-Jun-2020
မန္တလေးတိုင်း သာစည်မြို့နယ်ရှိဒေသခံ တောင်သူများအတွက် Covid-19 ကာလ အထူးစိုက်ပျိုးစရိတ် ချေးငွေအဖြစ် ကျပ်သန်းလေးထောင်ကျော်ထုတ်ချေးရန်လျာထားပြီး ပြီးခဲ့သည့်သီတင်းပတ်မှစတင်ကာ ထုတ်ပေးနေပြီဖြစ်ကြောင်း သာစည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးမောင်အေးက ပြောကြားသည်။
27-Jun-2020
Covid-19 ကြောင့် ထိခိုက်ရသည့် တောင်သူလယ်သမားများကို ပံ့ပိုးနိုင်မည့် မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန် ကမ်ဘာ့ဘဏ်က ချေးငွေအမေရိကန်ဒေါ်လာသန်း ၂၀၀ ကို အတည်ပြုလိုက်ကြောင်း ကမ်ဘာ့ဘဏ်ထံမှ သိရသည်။
26-Jun-2020
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စု သော်ကဇင်း ကျေးရွာ၌ ဇွန်လ တတိယပတ်အတွင်းက အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး ပိုးသတ်ဆေးကျွေးခံရကာ ရွှေနားကပ်လုယူ ခံရပြီး သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
26-Jun-2020
မိမိသည် ပေါ့ဘာခြေစွမ်းကိုစောင့်ကြည့်နေသည့် ပရိသတ်တစ်ဦးဖြစ်ပြီး ပြင်သစ်ကွင်းလယ်လူအား အလုပ်ကို ခုထက်ပို၍ ကြိုးစားစေလိုခြင်းကြောင့် ဝေဖန်ရခြင်းဖြစ်သည်ဟု ဆောင်းနက်စ်ကဆိုခဲ့ကြောင်း Sky Sports ကဖော်ပြခဲ့သည်။
26-Jun-2020
ပြင်သစ်မှလာသောသတင်းများအရ ဘာစီလိုနာနှင့် ရီးရဲလ်အသင်းတို့သည် အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒူဇီကိုစောင့် ကြည့်လျက်ရှိနေကြောင်း Le 10 Sport က ဖော်ပြခဲ့သည်။
26-Jun-2020
မာဆေးဆိုက်ဒါဘီပွဲစဉ်တွင်သရေသာ ကစားနိုင်ခဲ့သော်လည်း ပဲလေ့စ်ကို ၄ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက်ချန်ပီယံဆုနှင့် အနီးစပ်ဆုံးကိုရောက်ရှိသွားပြီဟု လီဗာပူးညာနောက်ခံလူ အာနိုးက ယူဆနေကြောင်း Sky Sports ကဖော်ပြခဲ့သည်။
26-Jun-2020
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု ခွင့်ပြုပေးလိုက်ကြောင်း ယင်း ကော်မတီထံမှသိရသည်။
26-Jun-2020
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ဈေးများမှ သားငါးရောင်းချသည့် ဈေးရုံများနှင့် သားငါးဈေးတန်းများကို အဆင့်မြှင့်တင်မှုများ ပြုလုပ်လျက်ရှိကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
26-Jun-2020
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြီးနှင့်သက်ဆိုင်သော ကန့်သတ်တားမြစ်ချက်များသည် ဒီမိုကရေစီနှင့်အခြေခံ လူ့အခွင့်အရေးတို့ကို အန္တရာယ်ပေးခြိမ်းခြောက်လျက်ရှိသည်ဟု ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများကို ဦးဆောင်နေသူများက သတိပေးပြောကြားလိုက်ကြောင်း Aljazeera သတင်းဌာနကရေးသားဖော်ပြသည်။
26-Jun-2020
ရုရှားသမ္မတ ဗလာတီမာပူတင်ကို နောက်ထပ်သမ္မတသက်တမ်းနှစ်ခု တာဝန်ထပ်ယူစေနိုင်မည့် အခြေခံဥပဒေပြင်ဆင်ချက်များအား ရုရှားပြည်သူများက မဲပေးအဆုံးအဖြတ်ပေးလျက်ရှိကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
26-Jun-2020
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (Least Development Country -LDC) အဖြစ်မှ လွတ်မြောက်ဖွယ်ရှိနေသည့် မြန်မာနိုင်ငံအနေနှင့် ပြည်တွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုကို အာမခံစနစ်ဖြင့်သွားရန် ပြင်ဆင်နေသည်ဟု ပြည်သူ့လွှတ်တော် ပညာရေးနှင့်ကျန်းမာရေး ဖွံ့ဖြိုး‌တိုးတက်‌ရေးကော်မတီဝင် ဒေါ်ဖြူဖြူ သင်းက ပြောကြားသည်။
26-Jun-2020
ကိုဗစ်ရောဂါ ဖြစ်ပွားနေသဖြင့် ရပ်နားထားသော ပလိပ်မြို့တွင်းလမ်းလုပ်ငန်းများကို ပြန်လည်စတင်ခဲ့ရာ ဇွန်လကုန်တွင်ပြီးစီးရန် မျှော်မှန်းထားကြောင်း လမ်းဦးစီးဌာနထံမှ သိရသည်။
26-Jun-2020
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မဲဆန္ဒ နယ်အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်မော်သည် ဇွန်လ ၂၄ ရက်နေ့ ညပိုင်းက ကွယ်လွန်ခဲ့သည်ဟု ထီးချိုင့်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန် ကပြောဆိုသည်။
26-Jun-2020
ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု အနေနှင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိ မက်ထရစ်တန်ချိန် နှစ်သန်းကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
26-Jun-2020
အခြေခံပညာသင်ရိုးသစ်သင်တန်းများကို တက်ရောက်သည့် ဆရာ၊ ဆရာများ သတ်မှတ်ထားသည့်ထောက်ပံ့ပေးမှုများ အတိအကျမရရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။