News

POST SECTION

LATEST NEWS POST

22-Aug-2019
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်တွင် အလုပ်လာရှာသည့် အမျိုးသမီးတစ်ဦးကို ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခဲ့သည့်အဖွဲ့မှ သုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
22-Aug-2019
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့သည် နှစ်ပေါင်း ၅၀ ကျော်အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်သစ်ကို သြဂုတ်လ ၂၂ ရက်နေ့က ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
22-Aug-2019
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖေ့စ်ဘွတ်ခ့်အကောင့်တစ်ခုမှ ပုတ်ခတ်ရေးသားပြောဆိုခဲ့သည်ဆိုကာ တောင်ငူမြို့နယ် ဒိုးသောင်ကျေးရွာအုပ်စု ရွှေမင်းဝံကျေးရွာမှ အမျိုးသားတစ်ဦးကို သြဂုတ်လ ၂၁ ရက်တွင် နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်လှစ်ခဲ့ကြောင်း ထုံဘိုနယ်မြေရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
22-Aug-2019
အယ်လ်ဆာဗေဒိုနိုင်ငံတွင် ရေအိမ်အတွင်း မီးဖွားစဉ် ကလေးသေဆုံးခဲ့မှု၌ အမှုကို ပြန်လည်စစ်ဆေးရာတွင် မိခင်ဖြစ်သူ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးသည် အပြစ်မှ ကွင်းလုံးကျွတ် လွတ်မြောက်သွားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
22-Aug-2019
စားကျက်မြေ ဧက ၂၇၀ တွင် ကျုးကျော် စိုက်ပျိုးလုပ်ကိုင်နေသူများကို ဖယ်ရှားရှင်းလင်းပေးရန် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၏ဇာတိ ကြံသနွယ်ကျေးရွာဒေသခံ တောင်သူ ၂ဝ ကျော်က သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က ရေတာရှည်မြို့ပေါ်တွင် စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ဦးဆောင်သူ ဦးစံမြင့်က ပြောကြားသည်။
22-Aug-2019
၂၀၁၅ ခုနှစ်က စဖွင့်ခဲ့သော သီလဝါ အထူးစီးပွားရေးဇုန်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးအနေနှင့် ဩဂုတ်လ ၂၁ ရက်နေ့က လာရောက်ခဲ့သည်။
22-Aug-2019
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့တွင်ဖြစ်ပွားနေသည့် ဆန္ဒပြပွဲအဓိကရုဏ်းကြောင့် မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သည့် တမူးနယ်စပ်ဂိတ်ကိုပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
22-Aug-2019
နှစ်စဉ်ဘီလီယံပေါင်းရာချီ အရှုံးပေါ်နေသည့် လျှပ်စစ်ကဏ္ဍသည် ၂၀၁၉-၂၀ ( အောက်တိုဘာ ၁ ရက်မှစမည့် ဘဏ္ဍာနှစ်) ဘဏ္ဍာနှစ်တွင် ကျပ် ၃၂ ဘီလီယံ အမြတ်ရမည်ဟု မျှော်မှန်းထားကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက တင်ပြလိုက်သည်။
21-Aug-2019
ရန်ကုန်မြို့သစ်စီမံကိန်းတွင် NYDC မှ လျှပ်စစ်မီးနှင့်သဘာဝဓာတ် ငွေ့ကဏ္ဍအတွက် ထိုင်းနိုင်ငံအခြေစိုက် PTT Group နှင့် အိန္ဒိယနိုင်ငံအခြေစိုက် (IGL Consortium) တို့ကို ရွေးချယ်ထားကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ NYDC က ဩဂုတ် ၂၀ ရက်တွင် ထုတ်ပြန်သည်။
21-Aug-2019
ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်ခန်းများ၏ အခန်းငှားရမ်းမှုမှာ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီး ပျမ်းမျှအခန်း ငှားခများမှာ ၈၅ ဒေါ်လာအထိ ဆက်လက်ကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုနှင့် အကြံပေးလုပ်ငန်း Colliers International (Myanmar) ၏ ၂၀၁၉ ခုနှစ် ဒုတိယ သုံးလပတ် ဈေးကွက်သုံးသပ်ချက်အရ သိရသည်။
21-Aug-2019
ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ သပြေရိုးကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဩဂုတ်လ ၁၉ ရက်နေ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၇၀ ကိုတွေ့ရှိသိမ်းဆည်းမိပြီး သားအမိနှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Aug-2019
လိင်ညှဉ်းပမ်းမှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ ခရစ်ယာန်ဘုန်းတော်ကြီးများအနက်မှ ရာထူးအမြင့်ဆုံးဖြစ်သူ သာသနာပိုင် ကာဒီနယ်ဂျော့ခ်ျပဲလ်သည် ဩစတြေးလျနိုင်ငံတွင် ပြစ်ဒဏ်အတွက် အယူခံဝင်ရာတွင် ရှုံးနိမ့်သွားသည်
21-Aug-2019
မွန်ပြည်နယ်တွင် ရေကြီးမှုကြောင့် စိုက်ပျိုးထားသည့် လယ်ယာမြေများ ရေနစ်မြုပ်ခဲ့ရာ မြို့နယ် ၁၀ မြို့နယ်မှ ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ပျိုးပြီးလယ်ဧကပေါင်း ၈၇,၀၀၀ ဧကကျော်ရှိကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနထံသို့ တင်ပြလာသည့် စာရင်းများအရ သိရသည်။
21-Aug-2019
မန္တလေးတိုင်း မိတ္ထီလာမြို့ မြို့မ(၄) ရပ်ကွက် နယ်မြေရှိ သမိုင်းဝင်ဖောင်တော်ဦးစေတီတွင် လာမည့် စက်တင်ဘာလ ၆ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် ၁၃၆ ကြိမ်မြောက် ဗုဒ္ခပူဇနိယပွဲတွင် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲကို ကျင်းပမည်ဖြစ်ရာ အဆိုပါလှေပြိုင်ပွဲတွင် ရိုးရာသစ်သားလှေများအစား ဖိုင်ဘာလှေများကို အသုံးပြုမည်
21-Aug-2019
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းလာနိုင်သည့်အတွက် မြစ်ဝကျွန်းပေါ်ဒေသများနှင့် ကမ်းရိုးတန်းဒေသများတွင် မိုးများနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။