News

POST TYPE

LATEST NEWS POST

အစိုးရက ပြန်ရှင်းလင်းမှုမရှိခြင်းသည် တပ်မတော်၏ အခက်အခဲဟုဆို
27-Jan-2021


နေပြည်တော်၊ ဇန်နဝါရီ ၂၆ 

အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်နှင့် လွှတ်တော်အနေဖြင့် တပ်မတော်၏ မဲစာရင်း ကန့်ကွက်မှုကို ပြန်လည် ရှင်းလင်းမှု မရှိခြင်းသည် တပ်မတော်၏ အခက်အခဲ တစ်ခုဖြစ်ကြောင်း ပြောဆိုလိုက်သည်။ 

ယနေ့ (ဇန်နဝါရီ ၂၆) ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

"ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေ ကို ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ ချပြတယ်၊ ထုတ်ပြန်တယ်၊ ရှင်းလင်း တယ်၊ တာဝန်ရှိသူများက ရေငုံ နှုတ်ပိတ် နေပြီးတော့၊ တာဝန်ရှိသူများက သူတို့ကို သူတို့ သမိုင်းမှာ တရားခံဖြစ်အောင် လုပ် နေတာတစ်ခုပဲ တပ်မတော်အနေနဲ့ အခက်အခဲရှိတယ်လို့ပဲ ပြောချင်တယ်" ဟု ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

တပ်မတော်အနေဖြင့် အဆိုပါ အခက် အခဲသာရှိပြီ ကျန်ရှိသည့် အခက်အခဲ မရှိကြောင်း ၎င်းက ထပ်လောင်း ပြော သည်။ 

တပ်အနေဖြင့် ရွေးကောက်ပွဲ မဲစာရင်းအမှားအယွင်းကို ရေငုံ နှုတ်ပိတ် နေ၍ မရကြောင်း ၊ ရေငုံနှုတ်ပိတ်နေမည် ဆိုပါက နိုင်ငံရေးအရ တပ်မတော်သည် သမိုင်းတရားခံ ဖြစ်သွားနိုင်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။ 

တပ်မတော်မှ လက်ရှိ စစ်ဆေး ထားသည့် မဲစာရင်း အမှား ၈ ဒသမ ၆ သန်းသည် မြေပြင်တွင် ကောက်ယူထား သည့် စာရင်းများ မဟုတ်သောကြောင့် ရာနှုန်းပြည့် မှန်ကန်မည်ဟု မပြောနိုင် ကြောင်း၊ မဲစာရင်းများ မြေပြင်တွင် စစ်ဆေးခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

S-01