POST TYPE
LATEST NEWS POST
လှည်းကူးတွင် စိုက်ပျိုးရေးပညာ အခမဲ့သင်တန်းကျောင်းဖွင့်မည်
18-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁၇
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား ဖွံ့ဖြိုးရေးအတွက် နည်းပညာတွေကို လေ့လာနိုင်ဖို့ ပုဂ္ဂလိက စိုက်ပျိုးရေးသင်တန်းကျောင်းကို လှည်းကူးမြို့ နှုတ်ခမ်းမွှေးသိုက်ကျေးရွာမှာ ဖွင့်မယ်လို့ သိရပါတယ်။
အဲ့ဒီသင်တန်းကျောင်းတည်ဆောက် ဖို့အတွက် ဇန်နဝါရီ ၁၇ ရက်နေ့ မနက်ပိုင်း က နှုတ်ခမ်းမွှေးသိုက်ကျေးရွာရှိ တောင်သူ တွေကနေ မြေနေရာလှူဒါန်းခဲ့ ကြပါတယ်။
အစိုးရနဲ့ မြန်မာနိုင်ငံတောင်သူလယ် သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်(AFFM)တို့ ပူးပေါင်းကာ တောင်သူလယ်သမားတွေ စိုက်ပျိုးရေး လုပ်ငန်းနည်းပညာကို လေ့လာနိုင်ဖို့ ပုဂ္ဂလိက သင်တန်းကျောင်းကို မကြာခင် တည်ဆောက်သွားမှာဖြစ်တယ်လို့ AFFM ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။
သင်တန်းကျောင်း ဆောက်လုပ်ဖို့ လယ်ယာမြေလှူဒါန်းခဲ့တဲ့ ဒေါ်ကျင်စန်းက ဓတစ်နိုင်ငံလုံး အတိုင်းအတာအတွက် လှူတာပါ၊ စိုက်ပျိုးရေးဆိုတာ အရင်က ပြောသံကြားရုံပဲ လုပ်ခဲ့ရတာ နည်းပညာ ကို မသိဘူး။ နည်းပညာကိုမသိတော့ ရှုံးတာပေါ့။ စီးပွားရေး ကျဆင်းတယ်။ အတတ်ပညာမရှိတဲ့ လယ်သမားတွေကို အသိပညာရစေချင်တဲ့အတွက် လှူဒါန်းရ ခြင်းဖြစ်တယ်ဓလို့ ပြောပါတယ်။
AFFM ပုဂ္ဂလိကသင်တန်းကျောင်း မှာ စိုက်ပျိုးရေးလုပ်ဆောင်နေတဲ့ လယ် သမားလူငယ်တွေကို အော်ဂဲနစ်နည်း ပညာ၊ နွေစပါးစိုက်ပျိုးခြင်း၊ သစ်သီး ဝလံစိုက်ပျိုးခြင်း၊ သိပ္ပံနည်းကျစိုက်ပျိုးခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်း အစရှိတဲ့ဘာသာ ရပ်တွေကို နည်းပြဖြစ်သည်အထိ အခမဲ့သင်ကြားပေးသွားမှာဖြစ်တယ်လို့ AFFM ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။
AFFM ပုဂ္ဂလိကစိုက်ပျိုးရေးသင် တန်းကျောင်းမှာ နိုင်ငံတကာစိုက်ပျိုးရေး ပညာရှင်တွေ၊ အစိုးရဘက်မှ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့ ပါဝင်ပြီး AFFM အဖွဲ့မှ ပညာရှင်တွေက သင်ကြား ပေးသွားမည်ဖြစ်တယ်လို့လည်း သိရပါတယ်။
အေးချမ်းသူ (VOM)
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
03-Feb-2021