News

POST TYPE

LATEST NEWS POST

Bigo Gala Award 2021 ကျင်းပမည်
18-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၁၈

ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူသန်း ၄၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင်ပါ သုံးစွဲသူများပြားလာသည့် Bigo Live Application ၏ Gala Award 2021 ကို ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။




Bigo Live Application သည် မြန်မာနိုင်ငံရှိ လူမှုကွန်ရက်သုံးစွဲသူများအကြား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင်စတင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး Bigo Live တွင် Live ထုတ်လွှင့်မှုမှာ ကိုယ်ပိုင်အရည်အချင်းများကို တင်ဆက်ပြသနိုင်ကာ ဝင်ငွေရရှိစေသည့် live streaming application တစ်ခုဖြစ်သည့်အပြင် ယခုအစီအစဉ်သည် Bigo Live သုံးစွဲသူများ၏ live streaming talent နှင့် ဖန်တီးမှုများကို ဂုဏ်ပြုသည့်အစီအစဉ်ဖြစ်သည်။

ယခုအစီအစဉ်ကို Bigo Live ၏ ကိုယ်ပိုင်ဂီတရုပ်သံလိုင်း (Bigo ID:music) မှတဆင့် ထုတ်လွှင့်သူများကို အသိအမှတ်ပြုခြင်းနှင့် ချီးမြှင့်ခြင်းများပြုလုပ်ရန်စီစဉ်ထားပြီး ကမ္ဘာတစ်လွှားမှထုတ်လွှင့်သူများ၏ ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“Bigo Live ကို ၂၀၂၀ ဖေဖော်ဝါရီမှာ စသုံးဖြစ်ခဲ့တယ်။ သူငယ်ချင်းအသစ်တွေရပြီး ကိုယ့်ရဲ့ Talent ဖြစ်တဲ့သီချင်းဆိုတာနဲ့ဖျော်ဖြေခဲ့တယ်။ အခြားလူမှုကွန်ရက်တွေနဲ့မတူတာက Live ထုတ်လွှင့်ပြီး ကိုယ့်ရဲ့အရည်အချင်းအပေါ်မှာပရိသတ်ရလာတယ်။ ပြီးတော့ဝင်ငွေတစ်ခုရလာတာပါပဲ။ Bigo Live ကို သုံးတဲ့သူတွေပိုများလာလို့ မသုံးဖြစ်သေးတဲ့သူတွေစသုံးကြည့်ပါ။ Gala Award မှာလာပြီးလေ့လာပါ” ဟု Bigo Live Application သုံးစွဲသူများထဲမှ ပရိသတ်စိတ်အဝင်စားဆုံးဖြစ်သူမေထူးချစ်ကဆိုသည်။

Bigo Gala Award 2021 တွင် မီးအကများ၊ DJ အဖွဲ့များ၊ ထူးခြားသည့်ဖျော်ဖြေပွဲများဖြင့် ဖျော်ဖြေမည်ဖြစ်ပြီး သုံးစွဲသူပေါင်းသန်း ၄၀၀ ကျော်လည်းပါဝင်မည်ဖြစ်ကာ Bigo Live Family နှင့် စိတ်လှုပ်ရှားဖွယ်ဆုများအတွက် ကံစမ်းမဲအစီအစဉ်တွင်အသုံးပြုနိုင်သည့်လက်မှတ်များရရှိရန် ဖျော်ဖြေတင်ဆက်မှုများအတွက် မဲပေးနိုင်ကြောင်း Bigo Live ထံမှ သိရသည်။