News

POST TYPE

LATEST NEWS POST

ကျောင်းဆရာမကိုသတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသော ခင်ပွန်းကို ဖမ်းမိ
22-Oct-2020
ဓာတ်ပုံ- ရဲတပ်ဖွဲ့

ရန်ကုန်၊ အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့တွင် အလယ်တန်းပြ ကျောင်းဆရာမဖြစ်သူကို သတ်ပြီး ထွက်ပြေး တိမ်းရှောင်နေသော ခင်ပွန်းဖြစ်သူကို အောက်တိုဘာ ၂၁ ရက်က ဖမ်းမိခဲ့သည်။

အသတ်ခံရသူ အလယ်တန်းပြ ကျောင်းဆရာမမှာ 
ပေါင်းတည်မြို့၊ မင်းကွက်(၃)ရပ်ကွက်တွင် အိမ်ငှား နေထိုင်သူဖြစ်ပြီး ၎င်း၏ လက်ကိုင်ဖုန်းနံပါတ်ထံ အဒေါ်ဖြစ်သူက ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုသော်လည်း ဖုန်းမကိုင်သဖြင့် အောက်တိုဘာ ၁၉ ရက်နေ့၌ တူမနေအိမ်ထံသို့ သွားရောက်ခဲ့သည်။

နေအိမ်မှာ အပြင်မှ တံခါးသော့ခတ်ထားပြီး အိမ်အတွင်းမှ အပုပ်နံ့များ ရရှိနေသဖြင့် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား၍ အိမ်ထဲဝင်ရောက်စစ်ဆေးရာ  ရေချိုးခန်းထဲတွင် ဦးခေါင်းခွံအက်ကွဲ ဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေသော တူမ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

ယင်းဖြစ်စဉ်မှ သေဆုံးသူ ကျောင်းဆရာမ၏ ခင်ပွန်း ဇွဲသစ္စာမိုး(ခ)ဇီးကွက်(ခ)ရာဇာမှာ အောက်တိုဘာ ၁၅ ရက်က လင်မယားနှစ်ဦး စကားများရန်ဖြစ်စဉ် နေအိမ်မှ အပြင်သို့ ဆိုင်ကယ်ဖြင့် ထွက်သွားသည်ကို အိမ်ချင်းကပ်နေထိုင်သော အိမ်ရှင်အမျိုးသားက မြင်တွေ့ခဲ့သဖြင့် ၎င်းကို ဖမ်းဆီးစစ်ဆေးမေးမြန်းနိုင်ရန် စုံစမ်းရှာဖွေရာ အောက်တိုဘာ ၂၁ ရက်က ပဲခူးမြို့၊ ဥဿ(၈)ရပ်ကွက်တွင် ဖမ်းမိခဲ့ပြီး လူသတ်မှု ကျူးလွန်ရသည့် အကြောင်းအရာကို စစ်ဆေးမေးမြန်းဆောင်ရွက်လျက်ရှိကြာင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03