News

POST TYPE

LATEST NEWS POST

မြစ်ကြီးနားမြို့တွင် လူသတ်မှုဖြစ်
21-Oct-2020

ဓာတ်ပုံ- ရဲတပ်ဖွဲ့

ရန်ကုန်၊ အောက်တိုဘာ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လွယ်ခေါကျေးရွာတွင် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သူအား ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြစ်မှုကျူးလွန်သူ နော်ဆမ်(ခ)လွမ်းဒေါင်(ခ)မာရန်နော် (၃၆)နှစ်မှာ အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက လွယ်ခေါကျေးရွာတွင် နေအိမ်ရှေ့ခုံတန်း၌ ထိုင်နေသော ဦးတိန့်ဘောမ် (၆၀) နှစ်ကို ဓားမြှောင်ဖြင့် ဆင့်ထိုးခဲ့သည်။

ယင်းသို့ ဓားဖြင့်ထိုးနေစဉ် ဦးတိန့်ဘောမ်၏ ဇနီးနှင့် သမီးဖြစ်သူက ဝင်ရောက်ဟန့်တားရာ ပြစ်မှုကျူးလွန်သူက ဓါးမြှောင်ကို ကိုင်ဆောင်ရင်း "ထိုးချင်လို့ ထိုးတာ"ဟုပြောဆိုပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ဓားဖြင့်ထိုးခံရသူ ဦးတိန့်ဘောမ်မှာ ရင်အုံ၊ ဝမ်းဗိုက်၊ ကျောကုန်းတို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး အဆိုပါ လူသတ်မှုဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့သည်။

လူသတ်မှုကျူးလွန်ခဲ့သူကို အောက်တိုဘာ ၁၉ ရက်က တွေ့ရှိခဲ့သော တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပြီး အမြန်တရားစွဲဆို တင်ပို့၍ ထိရောက်သော ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။

S-03