News

POST TYPE

LATEST NEWS POST

ရန်ကုန်ုတိုင်းတရားလွှတ်တော်တွင် စစ်ဆေးမည့်အမှုများကိုရပ်ဆိုင်း
28-Sep-2020
ရန်ုကုန်၊ စက်တင်ဘာ ၂၈

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော Covid-19 အဆုတ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ အမှုစစ်ဆေးစီရင်မှုများကို ရပ်ဆိုင်းထားကြောင်း စက်တင်ဘာ ၂၈ ရက်(ယနေ့)တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၌ Covid-19 ကူးစက်သူဦးရေနှင့် သေဆုံးသူဦးရေ အရေအတွက်စာရင်းမှာ နေ့စဉ်ရက်ဆက် မြင့်တက်လာသဖြင့် ကိုကိုးကျွန်းမြို့နယ် မပါ ကျန် ၄၄ မြို့နယ်အတွင်းရှိ ပြည်သူများမှာ နေအိမ်တွင် နေထိုင်ရေး Stay at Home အစီအစဉ်၌ အကျုံးဝင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း Covid-19 အဆုတ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ အမှုစစ်ဆေးစီရင်မှုများကို ရက်သတ္တပတ်နှစ်ပတ်ကြာ ရပ်ဆိုင်းထားရန် စီစဉ်ထားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နှစ်ပတ်ပြည့်ပြီးနောက် ထပ်မံရပ်ဆိုင်းထားရန် ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

ယင်းကြေညာချက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ စက်တင်ဘာလ ၂ ရက်အထိ ကြိုတင်သတိပေးမှုခေါ်စာရင်း၌ ကြားနာရန်ကြေညာထားသော ရာဇဝတ်ဆိုင်ရာအမှုများ၊ တရားမဆိုင်ရာ အမှုများကို နောက်ထပ်ကြေညာချက်မထုတ်ပြန်မီအချိန်ထိ ရွှေ့ဆိုင်းထားကြောင်း သိရသည်။

S-03