News

POST TYPE

LATEST NEWS POST

Fortune Plaza Expo ခန်းမကို Fortune Covid Centre ဆေးရုံအဖြစ်အသုံးပြုမည်
28-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၂၈

ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ Fortune Plaza Expo ခန်းမကို ခုတင် ၁,၀၀၀ ဆံ့သည့်ယာယီဆေးရုံအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

ယာယီဆေးရုံအဖြစ်အသုံးပြုနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့် Excellent Fortune Development Group ဥက္ကဌ ဖြစ်သူ ဦးစိုင်းမျိုးဝင်းက လှုဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တက်ရောက်လာသည့် လူနာများအတွက် လိုအပ်သည်များသုံးစွဲရန် ကျပ်သိန်းတစ်ထောင်ကိုလည်း မတည်လှူဒန်းခဲ့ပြီး Forturne Plaza Expo ခန်းမသည် ပြပွဲများကျင်းပရာနေရာဖြစ်ကာ တစ်ရက်ငှားရမ်းခမှာ ကျပ်သိန်း ၃၀၀ ခန့်ကျသင့်သည့် ခန်းမဖြစ်ကြောင်း ဆေးရုံအဖြစ်အသုံးပြုခွင့်ကို Covid-19 ရောဂါကပ်ဘေးပြီးဆုံးသည်အထိ လှူဒါန်းလိုက်ခြင်းဖြစ်ကြောင်း Excellent Fortune Development Group ထံမှသိရသည်။

Excellent Fortune Development Group အနေဖြင့် ပြည်တွင်းတွင် ကိုဗစ်စတင်ဖြစ်ပွားစဉ်ကစ၍ ဒုတိယလိူင်းဖြစ်ပေါ်လာသည်အထိ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ပြည်သူများ၊ မီဒီယာများကို စားသောက်ကုန်၊ ဆေးဝါးများ နှင့် ငွေကြေးထောက်ပံကူညီမူများ ပြုလုပ်ခဲ့ရာ ငွေကျပ်သိန်းပေါင်း ၁ သောင်းကျော် လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

S-07