News

POST TYPE

LATEST NEWS POST

ရောဂါပိုးထိတွေ့ခဲ့သူကို Quaratine ဝင်ရန်လာခေါ်သည့် ရာအိမ်မှူး အရိုက်ခံရ
27-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ခဲ့သူကို Quaratine ဝင်ရောက်ရန် သွားခေါ်သည့် ရာအိမ်မှူး ဖြစ်သူမှာ ဝိုင်းရိုက်နှက်မှုကို ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ရိုက်နှက်ခံရသူမှာ ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်မှ ရာအိမ်မှူး ဦးလှနိူင်ဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းက လူမှုကူညီရေးအသင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သောလူနာနှင့် ထိတွေ့ခဲ့သည့် အမျိုးသမီးနှစ်ဦးကို သွားရောက် ခေါ်ဆောင်ခဲ့သည်။

ယင်းသို့ ခေါ်ဆောင်စဉ် မှတ်တမ်း ဓာတ်ပုံရိုက်ယူရာ မကျေနပ်သဖြင့် အဆိုပါအမျိုးသမီး၏ မိသားစုဝင် ငါးဦးက ဆဲဆိုပြီး ဝိုင်းရိုက်နှက်သောကြောင့် ရာအိမ်မှူး ဦးလှနိုင်၏ ဦးခေါင်း၊မျက်နှာနှင့် ကျောကုန်းတို့တွင် ဖူးယောင်နာကျင်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ (ပ)၄၉၅/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄/၃၂၃/၁၁၄ အရ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03