News

POST TYPE

LATEST NEWS POST

ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး)ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင့် ဗီတာမင်ဆေးဝါးများလှူဒါန်း
25-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၂၅

ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒာဓိကဦးဆောင်ဖွဲ့စည်းထားသည့် ရွှေပါရမီဖောင်ဒေးရှင်းအဖွဲ့ဝင်များမှ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက်လိုအပ်သည့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများနှင့် ဆေးဝါးများလှုဒါန်းခဲ့သည်။

အဆိုပါ လှုဒါန်းသည့် ပစ္စည်းများမှာ ကျပ်သိန်း ၂၈၀ တန်ဖိုးရှိသော ESSENTIAL 72 Hand Sanitizer ဘူးအရေအတွက် ၂၀၀၀၀ ၊ငွေကျပ်သိန်း ၄၀ တန်ဖိုးရှိ PPE ၀တ်စုံနှင့် Face Shield များ၊ငွေကျပ် သိန်း ၃၂၀ တန်ဖိုးရှိသည့် အခြားလိုအပ်သော ဗီတာမင်ကိုယ်ခံအားကောင်းစေသည့် ဆေးဝါးများလှုဒါန်းခြင်းဖြစ်သည်။

ရွှေပါရမီဖောင်ဒေးရှင်းအနေနှင့် ကိုဗစ်- ၁၉ ရောဂါစတင်ဖြစ်ပွားသည့်ကာလဖြစ်သော ဧပြီတွင် ကမာရွတ်မြို့နယ်ရှိ မြကန်သာကျောင်း၌ ပဲနို့အဟာရများကို လှူဒါန်းခဲ့ပြီးဆရာဝန်နှင့်သူနာပြုများအတွက် ဗီတာမင်အားဆေးများ ပထမအကြိမ်လှူဒါန်းခဲ့သည်။

ထို့ပြင် ဒုတိယအကြိမ်အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ၌လည်း ကိုးရီးယားနိုင်ငံထုတ်ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးသည့် စက် ၁ လုံးနှင့် NHL ဝန်ထမ်းများအတွက်လစာ ၁ လစာ အပါအ၀င် ဝန်ထမ်းများအားလုံးအတွက် ဗီတာမင်အားဆေးများကို လှူဒါန်းခဲ့ပြီး ယခုကိုဗစ် -၁၉ ကုသရေးဌာန(ဖောင်ကြီး)အတွက် လှူဒါန်းမှုမှာတတိယအကြိမ်မြောက်လှုဒါန်းမှုဖြစ်သည်။

စက်တင်ဘာ ၂၁ ရက်တွင်လည်း ငွေကျပ် ၃၆၀ သိန်းတန်ဖိုးရှိ ESSENTIAL 72 Hand Sanitizer များကို သုဝဏ္ဏ Quarantine Center နှင့်လှိုင် Quarantine Center တို့၌ လှူဒါန်းခဲ့သည်။

J-03