News

POST TYPE

LATEST NEWS POST

Covid-19 ချေးငွေများကို ပဏာမစိစစ်
14-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၃
 
Covid-19 ချေးငွေများ လုပ်ငန်းရှင်များထံသို့ အချိန်မီရောက်ရှိစေရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်က  ချေးငွေလျှောက်လွှာများကို ပဏာမစိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်က သြဂုတ်လ ၁၀ ရက်နေ့အထိ နောက်ဆုံးထား၍ လျှောက်လွှာများလက်ခံအပြီး  သြဂုတ်လ ၁၂ ရက်နေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာဌာနများဖြစ်သည့် SME ဌာန၊ DICA ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက စိစစ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ညီနောင်အသင်း ၂၁ သင်း မှ တာဝန်ရှိသူများနှင့်အတူ ချေးငွေပဏာမစိစစ်ရေးကို စတင်ဆောင်ရွက်လျက်ရှိပြီး ချေးငွေလျှောက်လွှာတင်သူ စုစုပေါင်းမှာ ၁၃၀ဝ ကျော်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

ယခုထုတ်ပေးမည့်ချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန် ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပညာသင် ကျောင်းများကို ဦးစားပေးထုတ်ချေးပေးမည်ဖြစ်သည်။

လျှောက်လွှာများကို ဇူလိုင်လ ၂၉  ရက်နေ့ နံနက် ၉ နာရီခွဲမှ စတင်လက်ခံပေးခြင်းဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့  ညနေ ၄ နာရီခွဲအထိ နောက်ဆုံးထားလက်ခံပေးခဲ့ခြင်းဖြစ်သည်။    

S-07