News

POST TYPE

LATEST NEWS POST

လာမည့် ၂ ပတ်အတွင်း ကျန်းမာရေးလုပ်သားများကို Covid-19 ကာကွယ်ဆေး ထိုးပေးတော့မည်ဟု ရုရှားကြေညာ
13-Aug-2020


မော်စကို၊ သြဂုတ် ၁၂

အချို့သော ကျန်းမာရေးလုပ်သားများအတွက် Covid-19 ကာကွယ်ဆေးမှာ သီတင်းပတ် ၂ ပတ်အတွင်း အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က ပြောကြားလိုက်သည်။

ရုရှားအစိုးရအနေနှင့် ကာကွယ်ဆေးကို လျင်မြန်စွာခွင့်ပြုလိုက်ခြင်းအပေါ် အချို့သော ကျွမ်းကျင်သူများက အခြေအမြစ်မရှိ ဝေဖန်နေကြခြင်း ဖြစ်ကြောင်း တန်ပြန်ပြောဆိုလိုက်သည်။ 

အချိန်၂ လထက် လျော့နည်းကာ လူသားတွင် စမ်းသပ်ခဲ့ပြီးနောက် ရုရှားသည် ပထမဆုံး Covid-19 ကာကွယ်ဆေးခွင့်ပြုသည့် နိုင်ငံဖြစ်ပါကြောင်း ဗလာတီမာပူတင်က ပြောကြားသည်။ 

ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်ချက်များကို မပြီးဆုံးသေးဟု သတင်းများက ဆိုထားသည်။ 

ဆေးရုံဆေးခန်း အဆင့်စမ်းသပ်ချက်များ၏ ၁၀ ရာခိုင်နူန်းအောင်မြင်ခဲ့သော်လည်း အချို့သော လုံခြုံရေးထက် အမျိုးသားပုံရိပ်ကို ဦးစားပေးနေကြောင်း သိပ္ပံပညာရှင်များက ဝေဖန်ထားသည်။ 

“ရုရှားဆေးဝါးရဲ့ ပြိုင်ဆိုင်နိုင်မှုဆိုင်ရာ အားသာချက်ကို နိုင်ငံရပ်ခြား လုပ်ဖော်ကိုင်ဖက်တွေက သိကြပါတယ်။ ကျွန်တော်တို့ အယူအဆအပေါ် သူတို့ရဲ့ အယူအဆက လုံးဝ အခြေအမြစ်မရှိပါဘူး” ဟု ကျန်းမာရေးဝန်ကြီး မီခေးလ် မူရက်ရှ်ကိုက ပြောကြားသည်။ 

မော်စကိုအခြေစိုက် ဂါမာလီယာ အင်စတီကျုက ဖော်စပ်ထားသော ဆေးဝါးကို ဆရာဝန်များအပါအဝင် လူအများကို စတင်ပေးတော့မည်ဖြစ်ကာ မကြာခင် အဆင်သင့်ဖြစ်မည်ဟု ရုရှားကျန်းမာရေးဝန်ကြီးက ကြေညာထားသည်။ 

“ဆရာဝန်များအတွက် လာမည့် သီတင်းပတ် ၂ ပတ်အတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ဆေး ပထမဆုံးအသုတ်ရပါတော့မယ်” ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် ဆေးရုံဆေးခန်းအဆင့် စစ်ဆေးခြင်းများ၏ ရလဒ်ကို ထုတ်ဝေဖြန့်ချိပေးတော့မည်ဟု ဂါမာလီယာအင်စတီကျု၏ ဒါရိုက်တာ အလက်ဇန်းဒါးဂင့်စ်ဘာ့ဂ်က ပြောကြားသည်။ 

ဒီဇင်ဘာမှ ဇန်နဝါရီလအထိ ကာကွယ်ဆေး ငါးသန်းထုတ်လုပ်ရန် ရုရှားက ပြင်ဆင်နေကြောင်းလည်း ၎င်းကဆိုသည်။

F-02