News

POST TYPE

LATEST NEWS POST

စုပေါင်းပိုင်အဆောက်အအုံ တည်ဆောက်ခွင့်ပြုမိန့် ကွန်ဒို ၁၂ ခုကို မူအားဖြင့်ခွင့်ပြု
13-Aug-2020


ရန်ကုန်၊ သြဂုတ် ၁၂

ကွန်ဒိုစီမံကိန်း ၁၂ ခုကို မူအားဖြင့် စုပေါင်းပိုင်အဆောက်အအုံ တည်ဆောက်ခွင့်ပြုမိန့် ထုတ်ပေးထားပြီးဖြစ်ကြောင်း စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။

အဆိုပါကွန်ဒိုစီမံကိန်းများသည် နိုင်ငံခြားသား ၄၀ ရာခိုင်နှုန်း ဝယ်ယူခွင့် ရရှိမည်ဖြစ်ပြီး စီမံကိန်း ၁၂ ခုတွင် အခန်း ပေါင်း ၃၀၀၀ တည်ဆောက်အကောင် အထည်ဖော်မည်ဖြစ်သည်။

လက်ရှိပြဋ္ဌာန်းချက်များတွင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေအရ စုပေါင်းပိုင်အဆောက်အအုံ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွင် အဆောက် အအုံတည်ထောင်သူ လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ အဆောက်အအုံတည် ဆောက်ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊ အိမ်ခန်း များမှတ်ပုံတင်ခြင်း၊ အဆောက်အအုံ အသင်းဖွဲ့စည်းခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်သည်။

စုပေါင်းပိုင်အဆောက်အအုံ တည် ထောင်သူလုပ်ငန်းလိုင်စင် ထုတ်ပေး ခြင်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ်မှ စတင်ကာထုတ်ပေးခဲ့ပြီး လက်ရှိတွင် လုပ် ငန်းလိုင်စင် ၄၀ ကို ထုတ်ပေးပြီးဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

စုပေါင်းပိုင်အဆောက်အအုံအဖြစ် သတ်မှတ်ချက်များတွင် စုပေါင်းပိုင် အဆောက်အအုံတစ်လုံးသည် အနိမ့်ဆုံး အထပ်အမြင့် ၆ ထပ် ရှိရမည်ဖြစ်ပြီး အိမ် ခန်း ၆ ခန်းအထက်နှင့် ကားပါကင်၊ အမှိုက်စွန့်ပစ်စနစ်၊ ဓာတ်လှေကား၊ အများ ပြည်သူဆိုင်ရာနေရာ၊ ကော်မတီရုံးအဖွဲ့ အသုံးပြုရန်ရုံးခန်း၊ စာတိုက်ပုံး စသည့်အချက်များ ပါဝင်ရမည်ဖြစ်သည်။

လက်ရှိတွင် စုပေါင်းပိုင်အဆောက် အအုံနှင့်ပတ်သက်ပြီး မူလသတ်မှတ် ချက်များမှ အချက်အလက်အချို့ကို ပြန် လည်ပြင်ဆင်ရန် တင်ပြမှုများလုပ်ဆောင်နေပြီး အများပြည်သူလိုက်နာရန်နှင့် ဆောက်လုပ်သူများ အဆင်ပြေနိုင်မည့် ကန့်သတ်မှုများဖြစ်ပေါ်နိုင်ရန် လုပ်ဆောင်နေကြောင်း စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။

J-03