News

POST TYPE

LATEST NEWS POST

ယူရိုပါလိဂ်ဆုဖလားရရှိခြင်းက မိမိ၏အသက်မွေးဝမ်းကျောင်းအတွက် အကြီးမားဆုံးအောင်မြင်မှု ဖြစ်လာနိုင်သည်ဟု ဆိုးလ်ရှား ပြောဆို
10-Aug-2020


မန်ချက်စတာ၊ သြဂုတ် ၉

ယူရိုပါလိဂ်တွင် အနိုင်ရဗိုလ်စွဲခြင်းက နည်းပြဘဝအတွက် ကြီးမားသည့် အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု မန်ယူနည်းပြဆိုးလ်ရှားကပြောဆိုလိုက်ကြောင်း Goal.com က ဖော်ပြခဲ့သည်။ 

မန်ယူကစားသမားဘဝတွင် ဆုဖလား ၉ လုံးအထိ ရယူနိုင်ခဲ့သည့် ဆိုးလ်ရှားအတွက် နည်းပြဘဝပထမဆုံး ဆုဖလား အောင်မြင်မှုအဖြစ် ယူရိုပါလိဂ်ကို မျှော်လင့်နေခြင်းဖြစ်သည်။ 

ဆိုးလ်ရှား၏အသင်းသည် ကွာတားဖိုင်နယ် အဆင့်တွင် ကိုပင်ဟေဂင် အသင်းနှင့်တွေ့ဆုံနေပြီး ဆီဗီလာနှင့် ဝုဗ်တို့ပွဲစဉ်မှ အနိုင်ရသည့်အသင်းနှင့် ဆီမီးဖိုင်နယ်တွင် တွေ့ဆုံရန်ရှိနေသည်။ 

“ကျွန်တော်က ရည်မှန်းချက်ကြီး သူဖြစ်သလို ဒီအသင်းရဲ့နည်းပြအဖြစ်နဲ့ ဆုဖလားကိုင်မြှောက်ဖို့အတွက် အိပ်မက်ရှိပါတယ်။ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ဒီကလပ်အတွက်ပေးဆပ်ရပါမယ်။ နည်းပြတစ်ယောက်အဖြစ်နဲ့ တစ်ခုခုကိုအနိုင်ရခြင်းက ဘောလုံးနဲ့ပတ် သတ်တဲ့ကျွန်တော့်ဘဝအတွက် ဂုဏ်အရှိ ဆုံးအချိန်ဖြစ်မှာပါ။ အကြီးမားဆုံးအောင် မြင်မှုဖြစ်ပါလိမ့်မယ်။ တစ်ခါတရံမှာရိုက် ခတ်မှုဒဏ်ကိုခံရပေမဲ့ တတ်နိုင်သမျှ လုပ်ခဲ့သလို အချိန်တိုင်းအဆင်သင့်ဖြစ်ခဲ့ပါတယ်။ ဆုဖလားတစ်လုံးကို ကိုင်မြှောက်ခွင့်ရရေးက ကျွန်တော့်အတွက် အကောင်းဆုံးအချိန်ဖြစ်လာပါလိမ့်မယ်” ဟု ဆိုးလ်ရှားက ပြောဆိုခဲ့သည်။

ငြိမ်းပြည့်