News

POST TYPE

LATEST NEWS POST

သီဟိုဠ်ရှင်ဘုရားအနီးတွေ့ရသော မြေအောက်လိုဏ် မိုးရေမဝင်စေရန် ဖုံးအုပ်ထား
06-Aug-2020


ချောက်၊ သြဂုတ် ၆

မကွေးတိုင်း ပခုက္ကူမြို့ရှိ ရှေ့ဟောင်းသီဟိုဠ်ရှင်ဘုရားဝင်းအနီးတွင်တွေ့ရှိထားသော မြေအောက်လိုဏ် မိုးရေမဝင်စေရန်ဖုံးအုပ်ထားပြီး ပြည်သူများလာမကြည့်စေရန် လုံခြုံရေးချထားလိုက်ပြီဖြစ်သည်။

“မကွေးတိုင်းရှေးသုအဖွဲ့ကနေပြီးတော့ ဘာမှမလုပ်ဖို့၊မကိုင်ဖို့ ဒီအတိုင်းထိန်းသိမ်းထားဖို့မှာထားလို့ အပေါ်ကအုပ်ထားတာ။ မိုးရေလည်းမဝင်အောင်လို့ပါ။ကြည့်ဖို့ကလည်း တစ်ယောက်ပြလိုက်လို့ နောက်လူတွေဝင်လာရင်မနိုင်ဘူး။ အကာအရံတော့လုပ်ထားတယ်။ ခိုင်ခံ့မှုဆိုတာလည်း မှန်းစလို့မရလို့ပါ” ဟု ယင်းဘုရားဂေါပကအဖွဲ့ဒုဥက္ကဋ္ဌ ဦးတင်မြင့်က ပြောကြားသည်။

ယခုတွေ့ရှိသောနေရာကို ထိန်းသိမ်းစောက်ရှောက်ရန် ရဲမီးသတ်နှင့် ဘုရားကြီးလုံခြုံရေးဝန်ထမ်းတို့ကို နှစ်ဦးစီ လုံခြုံရေးချထားသည်။

“ခန့်မှန်းလို့တော့လည်း မရနိုင်ဘူး။ အခု ကျွန်တော်အသက် အသက် ၇၀ ရှိပြီ ဂေါပကသက်တမ်းနှစ်ဆက် ၈ နှစ်ရှိပြီ။ ဒီရှေ့က လူတွေလည်းမသိခဲ့ဘူး” ဟု ဂေါပကအဖွဲ့ ဒုဥက္ကဋ္ဌဦးတင်မြင့်က ထပ်မံပြောဆိုသည်။



လတ်တလောတွင် ရာသီဥတုအခြေအနေအရ မိုးရေမဝင်စေရန် အုတ်ဘောင်စီကာ သံဇကာဖြင့်ဖုံးအုပ်ထားရန် ဂေါပကအဖွဲ့ကိုမှာထားကြောင်း၊ စတင်တွေ့ရှိသော သြဂုတ် ၄ ရက်နေ့က မိုးရွာသွန်းသဖြင့် မိုးရေဝင်လာသောကြောင့် ဆက်၍မစစ်ဆေးနိုင်သေးဘဲ မိုးလေကင်းစင်သောနေ့တွင် ပြန်လည်စစ်ဆေးမည်ဟု မကွေးတိုင်း ရှေးဟောင်းသုတေသနဦးစီးဌာန တိုင်းဦးစီးမှူး ဦးရဲလွင်က ပြောကြားသည်။

ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်ဘုရာဝင်းအနီး ရေသွင်းကန်ရှေ့လမ်းတွင်စည်ပင်က မြေတူးစက်များဖြင့် ရေမြောင်းတူးဖော်နေစဉ် သြဂုတ်လ ၄ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က လိုဏ်တစ်ခုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-နေနိုင်