News

POST TYPE

LATEST NEWS POST

ပလိပ်တွင် အခြေခံလူတန်းစားအိမ်ထောင်စုများကို ကျပ်နှစ်သောင်းစီထောက်ပံ့
05-Aug-2020


မန္တလေး၊ သြဂုတ် ၅

ပလိပ်မြို့မှ အခြေခံလူတန်းစားအိမ်ထောင်စု ၄၁၀ဝ ကျော်ကို တစ်အိမ်ထောင်လျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ကျပ်သိန်း ၈၀ဝ ကျော်ကို  သြဂုတ်လ ၄ ရက်နေ့မှစတင်ကာ ထောက်ပံ့ပေးလျှက်ရှိသည်။

“အိမ်ထောင်စု ၄၁၄၆ အတွက် ကျပ် ၈၂,၉၂၀,ဝ၀ဝ ကို ရာအိမ်မှူးတွေကတစ်ဆင့် ခွဲဝေပေးအပ်ခဲ့ပါတယ်”ဟုပလိပ်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။

နိုင်ငံတော်အစိုးရကထောက်ပံ့သော ဆန် ၊ဆီ ၊ဆား၊ ကြက်သွန်နီ၊ ပဲ ရိက္ခာများကို ပလိပ်မြို့အတွင်းရှိ ရပ်ကွက် ၃၀ ခုမှ အိမ်ထောင်စု ၂၈၄၅ တို့ထံ ဧပြီလအတွင်းကလည်းကောင်း၊ ယင်းအခြေခံစားကုန်စည်ငါးမျိုးထောက်ပံ့ရာတွင်  အကြောင်း အမျိုးမျိုးကြောင့်ကျန်ရှိသည့် အိမ်ထောင်စု ၁၃၀ဝ ကျော်ကို တစ်စုလျှင် ကျပ် ၁၅၀ဝ၀ နှုန်းဖြင့် ကျပ် ၁၉,၅၁၅,၀ဝ၀ ကို ဇူလိုင်လ ပထမပတ်အတွင်းကလည်းကောင်း ထောက်ပံ့ခဲ့သေးသည်။ 

S-02