News

POST TYPE

LATEST NEWS POST

လက်ဘနွန်တွင် ဧရာမဓါတုပစ္စည်းပေါက်ကွဲမှုဖြစ်၊ လူ တစ်ရာအနည်းဆုံးသေဆုံး၊ လေးထောင်ကျော်ဒဏ်ရာရ
05-Aug-2020


ဘေရွတ်၊ သြဂုတ် ၅

အင်္ဂါနေ့က ဖြစ်ပွါးခဲ့သည့် မြို့တော်ဘေရွတ် ဓါတုပစ္စည်းများသိုလှောင်ရုံ ဧရာမပေါက်ကွဲမှုကြီးကြောင့် အနည်းဆုံး လူတစ်ရာခန့်သေဆုံးပြီး လေးထောင်ကျော် ဒဏ်ရာရသွားခဲ့ရာ လက်ဘနွန်ပြည်လုံးအနှံ့ ကြေကွဲဝမ်းနည်းမှုများ ဖြစ်နေခဲ့ရသည်။

ဆိပ်ကမ်းနေရာတစ်ခုတွင် မီးလောင်နေခဲ့ရာမှ ဧရာမမှိုပွင့်မီးခိုးလုံးကြီးဖြစ်သည်အထိ ပေါက်ကွဲထွက်သွားခဲ့ပြီး တုန်ခါသွားခဲ့သည်။

အဆိုပါ သိုလှောင်ရာနေရာတွင် အမိုနီယမ်နိုက်ထရိတ် ၂၇၅၀ တန် အန္တရာယ်ကြီးမားစွာ သိုလှောင်ထားသည် ၆ နှစ်ခန့် ရှိပြီဖြစ်ကြောင်း မီချယ်အွန်း ကပြောကြားသည်။

သမ္မတက ဗုဒ္ဓဟူးနေ့တွင် အရေးပေါ်အစိုးရအဖွဲ့အစည်းအဝေးခေါ်ခဲ့ကာ သီတင်းနှစ်ပတ်ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

အောက်မေ့ဖွယ်နေ့ရက်အဖြစ် ဗုဒ္ဓဟူးနေ့မှ စတင်ကာသုံးရက်သတ်မှတ်ထားကြောင်း သတင်းများကဖော်ပြထားသည်။

အရေးပေါ်ရံပုံငွေ ဒေါ်လာ ၆၆ သန်း အသုံးပြုကာ ထိခိုက်ခဲ့ရသည်များကို ပြန်လည်ပြင်ဆင်ကာ၊ နစ်နာသူများအရေး ဆောင်ရွက်မည်ဟု သမ္မတကပြောကြားထားသည်။

“ကျွန်တော်တို့ဟာ ဧရာမအဖြစ်ဆိုးကြီးကို ကြုံခဲ့ရတာဖြစ်ပါတယ်။ ထိခိုက်နာကြင်ရသူတွေ၊ သေကြေပျက်စီးမှုတွေ နေရာအများအပြားမှာ တွေ့နေရပါတယ်” ဟု လက်ဘနွန်ကြက်ခြေနီ အကြီးအကဲ ဂျော့ကတ်တာနီ ကဆိုသည်။