News

POST TYPE

LATEST NEWS POST

ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် သြဂုတ် ၄ ရက်မှစ၍ ယာဉ်သက်တမ်းတိုးဆောင်ရွက်နိုင်
03-Aug-2020
ရန်ကုန်၊ သြဂုတ် ၂

ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် ယာဉ်သက်တမ်းတိုးဆောင်ရွက်ခြင်းကို သြဂုတ်လ ၄ ရက်နေ့မှစတင်ကာ ယခင်အတိုင်း ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှာ သက်တမ်းတိုးဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အားလုံးကို သြဂုတ်လ ၄ ရက် ပြန်လည် ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ယာဉ်စစ်ဆေးဖို့ ရွာသာကြီးရုံးခွဲကို တစ်ဆင့်သွားစရာမလိုတော့ဘဲ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံးမှာ ပြန်လည်ဆောင်ရွက်ပေးတော့မှာ ဖြစ်ပါတယ်”ဟု  ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇွန်လအတွင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနခရိုင်ရုံး (ရန်ကုန် အရှေ့ပိုင်း) ရုံးဝင်းအတွင်း မြေဖို့၊ မြေညှိ ခြင်း၊ အပေါ်လွှာ ဂဝံမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့်အတွက် မိုးရွာသွန်း ချိန်တွင် မော်တော်ယာဉ်များ ဝင်ရောက် သည့်အခါ ဗွက်နစ်ခြင်း၊ ဘီးချော်ခြင်းများ ဖြစ်ပေါ်သောကြောင့် ဇွန်လ ၈ ရက်မှ စပြီး သက်တမ်းတိုးယာဉ်စစ်ဆေးခြင်း လုပ်ငန်းစဉ် ကို ရွာသာကြီးရုံး၌ ဦးစွာ ယာဉ်စစ်ဆေးပြီးမှသာ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး၌ သက်တမ်း တိုးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းယာဉ် သက်တမ်းတိုးခြင်းလုပ်ငန်းများကို Online Booking ယူ၍ ဆောင်ရွက်ပေးနေပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး၌ တစ်ရက်ကို အစီးရေ ၄၆၀ ဆောင်ရွက်ပေးနေကြောင်း ယင်းရုံးထံမှ သိရသည်။

ဆက်နိုင်