News

POST TYPE

LATEST NEWS POST

မန်စီးတီးနှင့် ဘာစီလိုနာကိုကျော်ပြီး ထရာအိုရေးကိုခေါ်ရန် ဂျူဗင်တပ်ကြိုးစား
10-Jul-2020


တူရင်၊ ဇူလိုင် ၉

ဝုဗ်တောင်ပံကစားသမား ထရာအိုရေးအားအပြိုင်အဆိုင် ခေါ်ယူရန်ကြိုးပမ်းနေမှုတွင် ဂျူဗင်တပ်အသင်းထိပ်ဆုံးမှ ဦးဆောင်နေကြောင်း Dailymail က ဖော်ပြခဲ့သည်။ 

အသက် ၂၄ နှစ်အရွယ်ထရာအိုရေးသည် ယခုရာသီတွင် ဝုဗ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲအထိ ကစားပေးထားပြီး သွင်းဂိုး  ၆ ဂိုးနှင့်ဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်ထားသည်။ 

၎င်းကို အသင်းဟောင်း ဘာစီလိုနာ နှင့် မန်စီးတီးတို့က ချဉ်းကပ်နေသော်လည်း ဂျူဗင်တပ်အသင်းက ခြေတစ်လှမ်းအသာရနေဟု ဖော်ပြခဲ့သည်။ 

ဂျူဗင်တပ်အသင်းဘယ်၊ ညာတောင်ပံနှစ်ဖက်တွင် ကစားနေသည့် ကွာဒရာဒိုနှင့် စီရော်နယ်ဒိုတို့သည် အသက် ၃၀ ကျော် အရွယ်များဖြစ်နေခြင်းကြောင့် နည်းပြဆာရီသည် ငယ်ရွယ်ပြီးတိုးအားကောင်းသော ထရာအိုရေးကို မျက်စိကျနေခြင်းဖြစ်သည်။ 

လာမာစီယာ အကယ်ဒမီထွက်တစ်ဦးဖြစ်သည့် ထရာအိုရေးသည် ဘာစီလိုနာလူငယ်အသင်းအတွက် ၆၃ ပွဲ အထိ ပါဝင်ကစားဖူးသော်လည်း စီနီယာအသင်းအတွက် တစ်ပွဲသာပါဝင်ခွင့်ရခဲ့သည်။ 

ဆာနေးကို လက်လွှတ်ပေးခဲ့ရသည့် မန်စီးတီးအသင်းသည် လိုအပ်သည့်နေရာတွင် ထရာအိုရေးနှင့် အစားထိုးရန်ရှိနေပြီး  ဂျူဗင်တပ်အသင်းကလည်း အမ်မရီကန်၊  ခီဒီယာနှင့်မာတူဒီတို့ကို နွေဈေးကွက်မှာ ရောင်းထုတ်ငွေရှာကာ ထရာအိုရေးကို ခေါ်ယူရန် ရှိနေသည်။


ြိမ်းပြည့်