News

POST TYPE

LATEST NEWS POST

ချဲလ်ဆီးကစားသမားနှစ်ဦးနှင့် ပြန်လက်တွဲရန် အင်တာမီလန်အသင်း နည်းပြကွန်တီ ဆန္ဒရှိ
10-Jul-2020


မီလန်၊ ဇူလိုင် ၉

အင်တာမီလန်အသင်း နည်းပြကွန်တီသည် ၎င်းနှင့်အတူချဲလ်ဆီးတွင် လက်တွဲခဲ့သည့် ဂီရောက်နှင့် အီမာဆန်တို့ကိုခေါ်ယူရန် ဆန္ဒရှိနေကြောင်း Dailymail ကဖော်ပြခဲ့သည်။ 

ကွန်တီသည် တိုက်စစ်မှူးဂီရောက်ကိုပြီးခဲ့သည့် ဇန်နဝါရီကတည်းကခေါ်ယူရန်ပြင်ဆင်ခဲ့သော်လည်း ကစားသမားဘက်မှချဲလ်ဆီးနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းကြောင့် ယခုတစ်ကြိမ်တွင်ခက်ခဲဖွယ်ရှိနေသည်။ 

နည်းပြလမ်းပတ်သည် ဘယ်နောက်ခံနေရာအတွက် ကစားသမားသစ်တစ်ဦး ရှာဖွေနေပြီး လက်စတာမှဘန်ချီဝဲလ်ကို မန်စီးတီးနှင့် အပြိုင်ကြိုးစားနေခြင်းကြောင့် အီမာဆန်ကိုမူ အသင်းက ရောင်းထုတ်ဖွယ်ရှိသည်။ ထို့ပြင် လေဗာကူဆင် လူငယ်ကြယ်ပွင့် ကိုင်ဟာဗက်ဇ်ကို ပေါင်သန်း ၉၀ ဖြင့်ခေါ်ယူရန်ပြင်ဆင်နေပြီး ငွေကြေးလိုအပ်ချက်ကြောင့် အသင်းရှိကစားသမားများကို စွန့်လွှတ်ရန်ရှိနေသည်။ 

ချဲလ်ဆီးအသင်းသည် ဂီရောက်ကို တစ်နှစ်သက်တမ်းတိုးထားသော်လည်း အသင်းအထောင်တိုက်စစ်နေရာတွင်  အေဘရာဟမ်ရှိနေသလို တီမိုဝါနာကိုပါ ခေါ်ယူခဲ့ခြင်းကြောင့် ပြင်သစ်တိုက်စစ်မှူး လက်လွှတ်ရန် အခြေအနေရှိနေသည်။ 

အင်တာမီလန်အသင်းဘက်မှ ဂီရောက်အတွက်ကမ်းလှမ်းမှုအသစ်တစ်ခု လုပ်ဖွယ်ရှိနေပြီး မှန်ကန်သည့်ပြောင်းရွှေ့ကြေးသုံးစွဲပါက ခေါ်ယူနိုင်ရန် အခြေအနေရှိသည်။                    

ငြိမ်းပြည့်